Trending Now

ပြင်ဦးလွင်မြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ပြင်ဦးလွင်မြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၃ ( ၂၀၂၄)

ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက် – ဆေးတလုံး ကျေးရွာသွားလမ်းတွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ပိတ်ချင်းမြောင်နယ်မြေရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက် – ဆေးတလုံး ကျေးရွာသွားလမ်းတွင် မော်တော်ယာဉ်များအား မူးယစ်သတင်းအရ စစ်ဆေးရှာဖွေစဉ် အောင်ထွန်းသန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၅၆၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အောင်ထွန်းသန်း (၃၃)နှစ်အား ပိတ်ချင်းမြောင် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။