Trending Now

ဒိန်းမတ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က မြစ်ကြီးနားရှိ RC စစ်ရှောင်အတွက် ငွေကျပ် သိန်း ၄၀၀ ကျော် ထောက်ပံ့

Spread the love

ဒိန်းမတ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က မြစ်ကြီးနားရှိ RC စစ်ရှောင်အတွက် ငွေကျပ် သိန်း ၄၀၀ ကျော် ထောက်ပံ့

EPN
မြစ်ကြီးနား၊ မေ ၁၃

ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားပြု ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့က ယနေ့မေ ၁၃ ရက်က မြစ်ကြီးနားမြို့ ပလန-၂ ရှိ RC စစ်ရှောင်စခန်းတစ်ခုတွင် ငွေကျပ် သိန်းလေးရာကျော် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဤသို့ထောက်ပံ့ရာတွင် အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးခဲ့ပြီး တစ်အိမ်ထောင်လျင် ကျပ်(၃)သိန်းနှုန်းဖြင့် အိမ်ထောင်စုပေါင်း (၁၅၀)အတွက် ငွေကျပ်သိန်း (၄၅၃)သိန်းတိတိ ထောက်ပံ့ပေးခဲ့ကြောင်း ကချင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ သိရသည်။

”ကျွန်တော်တခြားစစ်ရှောင်တွေကိုလည်းထောက်ပံ့ခဲ့ပြီးပါပြီ။ ဒိန်းမတ်ကြက်ခြေနီနဲ့ပူးပေါင်းပြီး အခုလို ထောက်ပံ့တာဟာ ပထမဆုံးဖြစ်ပါတယ်”ဟု ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်ကြက်ခြေနီ အသင်းတို့ပူးပေါင်းကာ ကန့်သတ်ချက်မဲ့ထောက်ပံ့ခြင်း စီမံချက်အနေဖြင့် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက်၊ မိုးကောင်း စသည့်လေးမြို့နယ်တွင်လည်း ထောက်ပံ့သွားရန်ရှိကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။