Trending Now

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ သန့်ရှင်းမှုကြောင့် ချီးကျူးခံခဲ့ရတဲ့ ဂျပန် EPN နိုင်ငံတကာ၊ ဇူလိုင် ၂၄ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်အသင်းက ၅-၀ နဲ့ ဇမ်ဘီယာအသင်းကို အနိုင်ရရှိပြီးနောက် ဂျပန် ကစားသမားတွေက အဝတ်လဲခန်းထဲက အမှိုက်တွေကို သန့်ရှင်းရေးပြုလုပ်ခဲ့ကြသလို ဂျပန်ပရိတ်သတ်တွေကလဲ ကွင်းထဲက အမှိုက်တွေကိုရှင်းလင်းပေးခဲ့တဲ့အတွက် လူအများက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ BBC က ထုတ်လွင့်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ပြိုင်ပွဲပြီးဆုံးသွားချိန်မှာ ဂျပန်ပရိတ်သတ် အများအပြားက အမှိုက်အိတ်တွေကိုကိုင်ဆောင်ကာ ကွင်းထဲကို ဆင်းလာခဲ့ကြပြီး ကစားကွင်းထဲမှာရှိနေတဲ့ အမှိုက်တွေကို တစ်စမကျန် ကောက်ယူနေတာကို တွေ့ရပါတယ်။ ဂျပန်ပန်ပရိတ်သတ်တွေဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလဲ အလားတူလုပ်ရပ်မျိုးတွေ လုပ်ဆောင်ခဲ့တဲ့အတွက် သူတို့ရဲ့ သန့်ရှင်းမှုကို မကြာသေးမီနှစ်တွေအတွင်းမှာ လူသိများလာခဲ့ပြီး ဆိုရှယ်မီဒီယာတွေမှာ ချီးကျူးခံခဲ့ရပါတယ်။ အဝတ်လဲခန်းကို သန့်ရှင်းစွာ ထားရှိခဲ့တဲ့အတွက် ဂျပန် အမျိုးသမီး လက်ရွေးစင် အသင်းကို ကျေးဇူးတင်ရှိကြောင်း ဖီဖာက အင်္ဂလိပ်၊ဂျပန် နှစ်ဘာသာနဲ့တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့တဲ့ ဂျပန် အမျိုးသမီး လက်ရွေးစင် အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကော်စတာရီကာအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ Ref; CNN

Spread the love

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ သန့်ရှင်းမှုကြောင့် ချီးကျူးခံခဲ့ရတဲ့ ဂျပန်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၄

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်အသင်းက ၅-၀ နဲ့ ဇမ်ဘီယာအသင်းကို အနိုင်ရရှိပြီးနောက် ဂျပန် ကစားသမားတွေက အဝတ်လဲခန်းထဲက အမှိုက်တွေကို သန့်ရှင်းရေးပြုလုပ်ခဲ့ကြသလို ဂျပန်ပရိတ်သတ်တွေကလဲ ကွင်းထဲက အမှိုက်တွေကိုရှင်းလင်းပေးခဲ့တဲ့အတွက် လူအများက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

BBC က ထုတ်လွင့်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ပြိုင်ပွဲပြီးဆုံးသွားချိန်မှာ ဂျပန်ပရိတ်သတ် အများအပြားက အမှိုက်အိတ်တွေကိုကိုင်ဆောင်ကာ ကွင်းထဲကို ဆင်းလာခဲ့ကြပြီး ကစားကွင်းထဲမှာရှိနေတဲ့ အမှိုက်တွေကို တစ်စမကျန် ကောက်ယူနေတာကို တွေ့ရပါတယ်။

ဂျပန်ပန်ပရိတ်သတ်တွေဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလဲ အလားတူလုပ်ရပ်မျိုးတွေ လုပ်ဆောင်ခဲ့တဲ့အတွက် သူတို့ရဲ့ သန့်ရှင်းမှုကို မကြာသေးမီနှစ်တွေအတွင်းမှာ လူသိများလာခဲ့ပြီး ဆိုရှယ်မီဒီယာတွေမှာ ချီးကျူးခံခဲ့ရပါတယ်။

အဝတ်လဲခန်းကို သန့်ရှင်းစွာ ထားရှိခဲ့တဲ့အတွက် ဂျပန် အမျိုးသမီး လက်ရွေးစင် အသင်းကို ကျေးဇူးတင်ရှိကြောင်း ဖီဖာက အင်္ဂလိပ်၊ဂျပန် နှစ်ဘာသာနဲ့တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့တဲ့ ဂျပန် အမျိုးသမီး လက်ရွေးစင် အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကော်စတာရီကာအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

Ref; CNN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။