Trending Now

မြိတ်မြို့နယ် တွင် အချိန်အခါမဟုတ်မိုးရွာသွန်းပြီး မိုးကြိုးပစ်ခံရ၍ တံငါလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးသေဆုံး‌

Spread the love

မြိတ်မြို့နယ် တွင် အချိန်အခါမဟုတ်မိုးရွာသွန်းပြီး မိုးကြိုးပစ်ခံရ၍ တံငါလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးသေဆုံး‌

EPN
မြစ်ကြီးနား၊ မတ်လ ၃

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ယောကြီးဝမြစ်အတွင်း မတ်လ ၁ ရက်နေ့က အချိန်အခါ မဟုတ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခံရမှုကြောင့် ကျားဖောင်လုပ်သားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အင်္ဂမော်ကျေးရွာအုပ်စု အင်္ဂမော်ကျေးရွာမှ ကိုကျော်လင်း(၃၉)နှစ်သည် အသက်(၁၅)နှစ်အရွယ် မောင်မွှာငယ်နှင့်အတူ ယောကြီးဝမြစ်အတွင်း လှေစီး၍ ပုစွန်ဖမ်းခြင်းလုပ်ငန်း (ဒေသအခေါ်အဝေါ်)ဖောင်ခံ ခြင်းအလုပ်ကို လုပ်ကိုင်နေစဉ် မတ်လ ၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မိုးရွာသွန်းပြီးမိုးကြိုးပစ်ရာ ၎င်းတို့စီးနှင်သောလှေအားမိုးကြိုးထိမှန်ပြီး ၂ ဦးစလုံးရေထဲကျသွားခဲ့ကြောင်း သိရသည်။

အဖေါ်ဖြစ်သူ မောင်မွှာငယ် မှာ သေကံမှပြန်လည်လွတ်မြောက်ခဲ့သော်လည်း ကိုကျော်လင်း၏ အလောင်းအားရှာ‌ဖွရာ ယမန်နေ့ ညနေ ၅ နာရီခန့်မှ ပြန်လည်ရှာဖွေတွေ့ရှိရပြီး မိုးကြိုးပစ်ခံထာရသည့် ဒဏ်ရာတွေ့ရှိရကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“အခင်း ဖြစ်ပွားတာက မတ်လ ၁ ရက်နေ့ကဖြစ်တာဗျ နှစ်ယောက်လုံး ရေထဲကို ပြုတ်ကျသွားတယ်ပြောတယ် ကလေးကတာ့ဘာမှ မဖြစ်ဘူး ကိုကျော်လင်းကတော့ မနေ့ညနေ ကမှ အလောင်း ပြန်တွေ့တယ် “ဟု မြိတ်မြို့နေဒေသခံ တစ်ဦးကပြော သည်။

သေဆုံးသူ ကိုကျော်လင်း၏ ရုပ်အလောင်းကို နာရေးအဖွဲ့မှ သယ်ယူကာ ယောကြီးဝကျေးရွာရှိ သုသာန်တွင် ယမန်နေ့ ည ၇ နာရီအချိန်ခန့်က မြေမြုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။