Trending Now

လာချိဒ် တစ်မျိုးသားလုံးရဲ့ မနောအိမ်တော်ရာ ဖွင့်ပွဲကို မတ်လ (၂)ရက်နေ့တွင် စည်ကားသိုက်မြှိုက်စွာ ဖွင့်လှစ်သွားမည်

Spread the love

လာချိဒ် တစ်မျိုးသားလုံးရဲ့ မနောအိမ်တော်ရာ ဖွင့်ပွဲကို မတ်လ (၂)ရက်နေ့တွင် စည်ကားသိုက်မြှိုက်စွာ ဖွင့်လှစ်သွားမည်

EPN
ဝိုင်းမော်၊ ဇန်နဝါရီ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် မဒိမ်ကျေးရွာရပ်ကွက် အတွင်းမှာရှိသည့် လာချိဒ်တစ်မျိုးသားလုံးရဲ့ မနောဝင်း၊ မုဒ်ဦးနှင့် မနောအိမ်တော်ရာ ဖွင့်ပွဲကို မတ်လ (၂)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လာချိဒ်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ အတွင်းရေးမှူးထံမှ သိရသည်။

အဆိုပါ မနောဝင်း၊ မုဒ်ဦးနှင့် မနောအိမ်တော်ရာကို တစ်ကမ္ဘာလုံးမှာ ရှိကြသည့် လာချိဒ် တစ်မျိုးသားလုံး၏ ပါဝင်အလှူဒါန်းမှုဖြင့် သိန်းပေါင်း ၇၀၀၀ကျော် အကုန်ကျခံကာ ၂၀၁၈ခုနှစ် အတွင်းပိုင်းက စတင် ‌တည်ဆောက်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် လာချိဒ်ရိုးရာယဉ်ကျေးမှု မနောအိမ်တော်ရာတွင် ဆောက်လုပ်ဆဲ ဖြစ်နေသည့် မုဒ်ဦး၊ မနောအိမ်တော်ရာ အဆောင်များ ပြီးစီးမှု မရှိသေးသည့် အတွက် လာမည့် မတ်လ (၂)ရက် နေ့တွင် အပြီးသတ် လုပ်ဆောင်မှာဖြစ်ပြီး လာချိဒ်ရိုးရာယဉ်ကျေးမှု မနောအိမ်တော်ရာဖွင့်ပွဲကို လည်း စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လာချိဒ်ရိုးရာယဉ်ကျေးမှု ဗဟိုအတွင်းရေးမှူးက ပြောပြသည်။

“အဆောက်အဦတွေကလည်း အခုချိန်မှာ ပြီးစီးမှု အပိုင်းတွေလိုသေးတယ် ပြုပြင်မွမ်းမံမှုတွေ လိုနေသေးတယ် ဒါကြောင့် လာချိဒ်ဗဟို ကော်မတီဝင်တွေနဲ့ အစည်းဝေးပြုလုပ်ခဲ့တယ် မနောဝင်း၊ မုဒ်ဦးနဲ့ မနောအိမ်တော်ရာ ဖွင့်ပွဲကို လာမယ့် မတ်လ (၂) ရက်နေ့မှ အပြီးသတ်လုပ်ဆောင်မယ်ဖွင့်ပွဲကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပ‌မယ် အဆို၊ အက၊ အတီးတွေ ရိုးရာ အက အလှတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ အစည်းအဝေးဆုံးဖြတ်ချက်အရ အတည်ပြုခဲ့တာ ဖြစ်တယ် “လို့ ၎င်းက ရှင်းပြသည်။

အဆိုပါ ဖွင့်ပွဲကို ဖေဖဝါရီ (၁၅/၁၇)ရက်နေ့တို့မှာ ဖွင့်လှစ်ရန်ရည်ရွယ်ထားခဲ့သော်လည်း လိုအပ်မှုအနည်းငယ် ရှိနေသောကြောင့် မတ်လ (၂)ရက်နေ့ကို ရွေ့ပြောင်းလိုက်ရခြင်းဖြစ်ပြီး ယင်း အဆောက်အသည် တစ်ကမ္ဘာလုံးမှာ ရှိကြသည့် လာချိဒ် မျိုးနွယ်စုများ ပြန်လည် စုစည်း၊ ဆုံစည်းနိုင်ရန်အတွက် မနောအိမ်တော်ရာကို ဆောက်လုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။