Trending Now

တိုက်ပွဲမှာ ဒဏ်ရာရတဲ ရဲတွေကို ရဲဗလ ဂုဏ်ထူးဆောင်ဘွဲ့ နဲ့အတူ ရွှေစင် ၂ ကျပ်ခွဲသား ပေးအပ်

Spread the love

တိုက်ပွဲမှာ ဒဏ်ရာရတဲ ရဲတွေကို ရဲဗလ ဂုဏ်ထူးဆောင်ဘွဲ့ နဲ့အတူ ရွှေစင် ၂ ကျပ်ခွဲသား ပေးအပ်

EPN
နေပြည်တော် ၊ အောက်တိုဘာ ၊ ၃

ပြီးခဲ့တဲ လပေါင်း ၂၀ ကြားကာလမှာ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွင်း တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နိုင်ငံတော်က ဂုဏ်ထူးဆောင် ဆုတံဆိပ်ဖြစ်တဲ့ ရဲဗလဘွဲ့ အပြင် ရွှေစင် ၂ ကျပ်ခွဲသား ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

အောက်တိုဘာ ၁ ရက် မနက်ပိုင်းက နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် အစိုးရရုံး ခန်းမတွေမှာ ကျင်းပပြုလုပ်တဲ့ ၅၈ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ အဲ့ဒီလို သိခဲ့ရတာဖြစ်ပါတယ်။

” မနှစ်ကနဲ့ ဒီနှစ်ထဲမှာ ဖြစ်တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရဲဗလ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ရွှေ ၂ ကျပ်ခွဲသား ပေးတာဖြစ်တယ် ၊ အဲ့ဒီ အပြင် ဆုကြေးငွေလည်း ပါတယ်၊ ရဲဗလ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခြင်းခံရတဲ့သူ ၄၂၆ ဦးရှိတယ် ၊ အရာရှိပိုင်းက တိုက်ပွဲမှာကျဆုံးသူတချို့ကို သူရဘွဲ့ဂုဏ်ထူးဆောင် အပြင် အခြား ချီးမြှင့်ပေးတာတွေလည်း ရှိတယ် ” လို့ ရဲတပ်ဖွဲ့နေ့ကို တက်ရောက်ခဲ့တဲ့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လပေါင်း ၂၀ ကြားကာလမှာ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း မြောက်ပိုင်း နဲ့ ကယားပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေဟာ ထိတွေ့တိုက်ပွဲတွေကြား ထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ ထဲကမှ ဒဏ်ရာရ ရဲအများစုဟာ စစ်ကိုင်းတိုင်းကလို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။