Trending Now

အေးစေတီရပ်ကွက်တွင် ကားတစ်စီးမှ ဈေးသည်ဆိုင်ကယ် နှစ်စီးအား ဝင်တိုက်ပြီး ကားသမား ထွက်ပြေး

Spread the love

အေးစေတီရပ်ကွက်တွင် ကားတစ်စီးမှ ဈေးသည်ဆိုင်ကယ် နှစ်စီးအား ဝင်တိုက်ပြီး ကားသမား ထွက်ပြေး

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက် BOC မိန်းလမ်းမကြီး ပေါ်တွင် ကားတစ်စီးမှ ဈေးသည် ဆိုင်ကယ်နှစ်စီး အားဝင်တိုက်ပြီး ကားသမား ထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ည ၁၁ နာရီခန့်က ဆိုင်ကယ်နှစ်စီးဖြင့် ပန်းစီးများအား မနက်ဈေးတွင် သွားရောင်းရန် အေးစေတီဘက်မှ ပမ္မတီးဘက်သို့ သွားချိန် BOC မိန်းလမ်းမကြီးအရောက်တွင် ကားတစ်စီးမှ ဝင်တိုက်သွားပြီး ကားသမားမှာ မောင်းပြေးသွားကာ အေးစေတီရပ်ကွက်လမ်းကြား မှောင်မဲသော တစ်နေရာတွင် ၎င်းကားကို ထားခဲ့ကာ ကားသမားမှာ ဆက်လက် တိမ်းရှောင် ထွက်ပြေးသွားကြောင်း ယင်းနေရာတွင် သွားရောက် ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က မီးလောင်တဲ့နေရာကနေ အပြန်မှာပေါ့ ကားသမားက ဆိုင်ကယ်ကို တိုက်ပြီး မောင်းပြေးသွားတယ်လို့ ပြောတော့ သွားပြီးကူညီပေးခဲ့တာပါ။ အမျိုးသမီးတွေက မနက်ဈေးမှာ ပန်းရောင်းဖို့သွားရင်းကနေ ဖြစ်တာပေါ့။ နှစ်ယောက်က ဒဏ်ရာပြင်းထန်လို့ ဆေးရုံကြီးကို ပို့ထားပေးတယ်။ တစ်ယောက်ကိုတော့ ပစ္စည်းတွေနဲ့ အတူ ပမ္မတီးကနေအိမ်မှာ ပို့ပေးထားပါတယ်။ ကားသမားကို ဝိုင်းတားကြသေးတယ် ဒါပေမဲ့ မရပ်ပဲ လမ်းကြားတွေကိုမောင်းပြေးသွားတော့ ရပ်ကွက်ကလူတွေက နောက်လိုက်ရှာကြတာပေါ့၊ လမ်းကြားတစ်နေရာမှာ သူက သူ့ကားကို ထားခဲ့ပြီး ထွက်ပြေးသွားတယ်။ သူ့ရဲ့ကားသော့ရယ်၊ ဖုန်းကိုတော့ တာဝန်ရှိတဲ့ သူတွေကို အပ်ထားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ကားတိုက်ခံရသည့် အမျိုးသမီးသုံးဦးမှာ ပမ္နတီး ဘုမ္မောရပ်ကွက် နေထိုင်သူများဖြစ်ပြီး အသက်အရွယ် အားဖြင့် (၄၀) ဝန်းကျင်တစ်ဦးနှင့် (၂၀)ကျော်နှစ်ဦးဖြစ်ကြောင်း သိရကာ ၎င်းသုံးဦးမှ နှစ်ဦးမှာ ဆေးရုံကြီးတွင် ဦးခေါင်းထိ ဒဏ်ရာများဖြင့် ဆေးကုသ ခံယူနေရကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။