Trending Now

တရုတ်၊ အိန္ဒိယ၊ နဲ့ ရုရှားတို့ တွေ့ဆုံဖို့ရှိနေတဲ့ ထိပ်သီးအစည်းအဝေး

Spread the love

တရုတ်၊ အိန္ဒိယ၊ နဲ့ ရုရှားတို့ တွေ့ဆုံဖို့ရှိနေတဲ့ ထိပ်သီးအစည်းအဝေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၃

ဥဇဘက်ကစ္စတန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင့် နဲ့ အန္ဒိယဝန်ကြီးချုပ်မိုဒီတို တွေ့ဆုံသွားဖို့ ရှိနေပါတယ်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို လာမယ့်စက်တင်ဘာ ၁၅ ရက်နေ့ ကနေ ၁၆ ရက်နေ့အထိ ဥဇဘက်ကစ္စတန်နိုင်ငံမှာ နှစ်ရက်ကြာကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တရုတ်နဲ့ရုရှား ခေါင်းဆောင်နှစ်ဦးဟာ စက်တင်ဘာ ၁၅ ရက်နေ့မှာ ဇဘက်ကစ္စတန်က ရှေးဟောင်းပိုးလမ်းမမြို့တော် Samarkand မှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Andrey Denisov က ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင် သတင်းဌာန Tass က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ တွေ့ဆုံဖို့ရှိနေတယ်ဆိုတာကို ဒီနေ့ငြင်းချက်ထုတ်ပြန်ထားတဲ့အတွက် ခေါင်းဆောင်နှစ်ဦး သီးသန့် တွေ့ဆုံမယ် မတွေ့ဆုံဘူးဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒီအစည်းအဝေးကို တက်ရောက်မယ့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ က လည်း ထိပ်သီးစည်းဝေးပွဲ ဘေးစည်းအနေနဲ့ နှစ်နိုင်ငံကြားဆွေးနွေးမှုတစ်ချို့ ပြုလုပ်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တရုတ်နဲ့ ရုရှားတို့ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဆောင်ရွက်နေတဲ့အတွက် အနောက်အုပ်စုတွေကလည်း ဒီအစည်းအဝေးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။

ရုရှားခေါင်းဆောင်ဟာ တရုတ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်တာဟာ အာရှအပေါ် သူတို့ရဲ့ တိမ်းစောင်းမှုကို ပြသလိုက်တာဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးစလုံးကလည်း အမေရိကန်ကို ဆန့်ကျင်ကြောင်း ပြသလိုက်တာဖြစ်ပါတယ်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဆောင်ရွက်တဲ့အနေနဲ့ ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး Gazprom ဟာ ဓာတ်ငွေ့တန်ဖိုးအတွက် အမေရိကန် ဒေါ်လာအစား ယွမ်နဲ့ ရူဘယ်တွေကို တိုက်ရိုက်ပေးချေနိုင်တဲ့ သဘောတူညီချက်တစ်ရပ်ကို စက်တင်ဘာ ၆ ရက်နေ့က တရုတ်နိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

လာမယ့်အောက်တိုဘာလအတွင်းမှာကျင်းပမယ့် ကွန်မြူနစ်ပါတီကွန်ဂရက်မှာ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ တတိယအကြိမ်မြောက် အာဏာရဖို့ မျှော်လင့်ထားနေချိန်မှာ ပူတင်နဲ့ တွေ့ဆုံသွားမယ်ဆိုတဲ့အတွက် ရလာဒ်ကို အနောက်နိုင်ငံတွေက စောင့်ကြည့်နေပါတယ်။

— ကိုးကား —
ရိုက်တာ/tass
ref; China declines to say if Xi will meet Putin and Modi at summit; India PM to attend regional summit with Russia, China, Pakistan

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။