Trending Now

ဖီမော်းသွား ကားလမ်းပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ပြို လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေ

Spread the love

ဖီမော်းသွား ကားလမ်းပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ပြို လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေ

EPN
ချီဖွေ၊ ဇွန် ၁၅

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ဖီမော်သွားလမ်းတွင် ဇွန် ၁၀ ရက်နေ့က မိုးအဆက္မပြတ် ရွာသွန်းမှုကြောင့် နတလရေကန်နှင့် တောင်သုံးလုံးကြာတွင် တောင်ပြိုလမ်းပိတ်ဆို့မှုများ ရှိနေကြောင်း ကားဆရာများထံမှ သိရသည်။

ဒေသဘက်တွင် မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ဖီမော်သွားလမ်းပိုင်းတစ်ခု ဖြစ်သည့် နတလရေကန်နှင့် တောင်သုံးလုံး လမ်းပိုင်းတို့တွင် တောင်ပြိုကျမှုများကြောင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ သွားလာရန် ခက်ခဲနေကြောင်း ကားဆရာ တစ်ဦးက ပြောသည်။

” မနေ့ထဲက ဖြစ်နေတာ။ မိုးရွာလို့ ကားလမ်းပေါ် တွေမှာ ကျောက်တုံးကြီးတွေ ပိတ်ဆို့နေတယ် သွားဖို့ခက်ခဲနေတယ်။ နည်းနည်းလေး မှားတာနဲ့ ချောက်ထဲကျမှာ အန္တရာယ် အရမ်းများတယ် ” ဟု ယင်းက ဆိုသည်။

အဆိုပါ လမ်းပိုင်းသည် ကျဉ်းမြောင်းပြီး တစ်ဖက်တွင် ချောက်ကမ်းပါးနှင့် တစ်ဘက်တွင် တောင်ကမ်းပါးများဖြင့်သာ ဖောက်လုပ်ပေးထားသည့် ‌ လမ်းပိုင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ပြို လမ်းပိတ်ဆို့မှုရှိနေသည့် လမ်းပိုင်းများကို ဒေသအဖွဲ့အစည်းများနှင့် ဒေသတာဝန်ခံ ကုမ္ပဏီများက စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်ပေးနေကြောင်း ဒေသခံ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြာသည်။

” ကျွန်တော်တို့ ဒေသမှာ မိုးရွာလို့ တောင်ပြို လမ်းပိတ်ဆို့ မှုတွေ ဖြစ်နေတယ်လို့ ကြားတယ်။ အခုအတွက် ဘတ်ဖိုးတွေနဲ့ အမြန်ဆုံး ရှင်းလင်းပေဖို့ ချိတ်ဆက်နေတယ်။ ခရီးသွားလာရေးအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးနေတယ် ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ လမ်းပိုင်းသည် နှစ်စဉ် မိုးအဆက်မပြတ် ရွာသွန်းချိန်တွင် တောင်ကျရေများခြင်းကြောင့် တောင်ကမ်းပါးပြိုကျ ခြင်း၊ လမ်းပိတ်ဆို့မှုများနှင့် ကားလမ်းပေါ်ရှိ ရေစီးလမ်း‌ကြောင်းများကြောင့် လမ်းပျက်စီးမှုများ ရှိနေကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။