Trending Now

တောင်ကိုရီးယားသမ္မတရုံးဝန်းကျင်က လေယာဉ်မပျံသန်းရနယ်မြေကို မြောက်ကိုရီးယားဒရုန်း ချိုးဖောက်ဝင် ရောက်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်အတည်ပြုပြောကြား

Spread the love

တောင်ကိုရီးယားသမ္မတရုံးဝန်းကျင်က လေယာဉ်မပျံသန်းရနယ်မြေကို မြောက်ကိုရီးယားဒရုန်း ချိုးဖောက်ဝင် ရောက်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်အတည်ပြုပြောကြား

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၆

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မြောက်ကိုရီးယားဒရုန်းတစ်စင်းဟာ တောင်ကိုရီးယားသမ္မတရုံးဝန်းကျင်မှာ သတ်မှတ်ထားတဲ့ လေယာဉ်မပျံသန်းရနယ်မြေထဲကို ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက် က ဇန်နဝါရီလ ၅ ရက်နေ့က အတည်ပြုပြောကြားလိုက်ပါတယ်။

အဲဒီဒရုန်းဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့က တောင်ကိုရီးယားနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ဒရုန်း ၅ စင်း အနက်က တစ်စင်းဖြစ်ပြီး အဲဒီလိုဒရုန်းတွေဝင်ရောက်ခဲ့တဲ့အတွက် တောင်ကိုရီးယားလေတပ်ကလည်း ဂျက် တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို စေလွှတ်ခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံအတွင်း လေးနာရီကြာပျံသန်းခဲ့ကြတဲ့ အဲဒီဒရုန်းတွေကို ပစ်မချနိုင်ခဲ့တဲ့အတွက် တောင် ကိုရီးယားစစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

ကနဦးကတော့ မြောက်ကိုရီးယားဒရုန်းတစ်စင်းဟာ ဆိုးလ်မြို့မှာရှိတဲ့ တောင်ကိုရီးယားသမ္မတယွန်ဆောက် ယုန်ရဲ့ရုံးခန်းဝန်းကျင်က လေယာဉ်မပျံသန်းရနယ်မြေကို ချိုးဖျက်ဝင်ရောက်ခဲ့တယ်ဆိုတာကို တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအဖွဲ့ JCS က ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဒရုန်းဟာ လေယာဉ်မပျံသန်းရနယ်မြေရဲ့ မြောက် ဘက်ကိုချိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်ဆိုတာ ကို ဇန်နဝါရီလ ၅ ရက်နေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

နောက်ဆုံးအကြိမ်ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး စစ်ရေးဆိုင်ရာအသင့်ဖြစ်မှုကို စုံစမ်းစစ်ဆေးပြီးနောက် ၎င်းတို့အဖွဲ့ရဲ့ စိစစ်လေ့လာမှုကို အပြောင်းအလဲတစ်ခုလုပ်ခဲ့ကြောင်း JCS အဖွဲ့က ပြောပါတယ်။

မြောက်ကိုရီးယားဒရုန်းဟာ သမ္မတယွန်ရဲ့ရုံးတည်ရှိတဲ့ ယောင်စန်နယ်မြေထဲကို တိုက်ရိုက်ဝင်လာတာတော့ မ ဟုတ်ဘူးလို့ JCS အဖွဲ့က ပြောပါတယ်။

မြောက်ကိုရီးယားဒရုန်းဟာ JCS အဖွဲ့ဌာနချုပ်ရှိတဲ့ သမ္မတရုံးဝင်းတစ်ဝိုက်ကို ဓာတ်ပုံရိုက်ယူမသွားဘူးလို့မပြော နိုင်ကြောင်း ထောက်လှမ်းရေးအရာရှိတွေကို ကိုးကားပြီး လွှတ်တော်ထောက်လှမ်းရေးကော်မတီဝင်တစ်ဦးဖြစ် တဲ့ ယိုးဆန်ဘမ်က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ အသေခံဒရုန်းတချို့အပါအဝင် ဒရုန်းအမျိုးအစားပေါင်း ၂၀ ကျော်ပါဝင်တဲ့ ဒရုန်း အ ရေအတွက် ၅၀၀ ဝန်းကျင်ရှိကြောင်း ယိုးက ပြောပါတယ်။

“တာဝေးကင်းထောက်နိုင်ဖို့အတွက် အလယ်အလတ်အရွယ်အစားနဲ့ အရွယ်အစားကြီးမားတဲ့ ဒရုန်းတွေကို ဒီ ဇိုင်းရေးဆွဲထုတ်လုပ်နေတာကို ခြေရာခံမိပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းက အခုမှစတင်ဆောင်ရွက်နေတုန်းပဲရှိ ပါသေးတယ်။ စွမ်းရည်မြင့်မားတဲ့ အာရုံခံကိရိယာတွေလို နည်းပညာတွေရရှိရေးက အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်နေပါတယ်။” လို့ ထောက်လှမ်းရေးအဖွဲ့အစည်းအဝေးအပြီးမှာ ယိုးက ပြောပါတယ်။

Ref: North Korean drone entered no-fly zone near South’s presidential office, Seoul’s military says

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။