Trending Now

ယူကရိန်းကို ပေးပို့ရန်အတွက် တောင်ကိုးရီးယား ဟောင်းဝစ်ဇာများကို အမေရိကန် ဝယ်ယူ

Spread the love

ယူကရိန်းကို ပေးပို့ရန်အတွက် တောင်ကိုးရီးယား ဟောင်းဝစ်ဇာများကို အမေရိကန် ဝယ်ယူ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁

ယူကရိန်းနိုင်ငံကို ထောက်ပံ့ပေးရန်အတွက် တောင်ကိုရီးယားက ဟော့ဝစ်ဇာအမြောက် အလုံးရေ ၁၀၀,၀၀၀ ကို အမေရိကန်က ဝယ်ယူမည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းတပ်များသည် ရုရှားသိမ်းပိုက်ခဲ့သော နယ်မြေများကိုပြန်လည် သိမ်းယူနိုင်ရန်အတွက် နိုင်ငံတကာ လက်နက်အကူအညီများ ပိုမိုရရှိရန် ယူကရိန်းက တောင်းခံနေချိန်တွင် အဆိုပါ သဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားသည် မဟာဗျူဟာကျသော မြို့တော် ခါဆွန်ပြည်နယ်မှ ဆုတ်ခွာရန် ကြေညာပြီးနောက် ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားတပ်ဖွဲ့ဝင်များ မြေမြုပ်မိုင်းထောင်ထားသည့် နယ်မြေ ဒါဇင်ပေါင်းများစွာကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်းအဏာပိုင်များကပြောသည်။

ရုရှားတပ်များသည် လက်ရှိအချိန်တွင် အားနည်းသည့်အခြေအနေတွင် ရှိနေသော်လည်း လျော့တွက်ရန်မလိုအပ်ကြောင်း နှင့် ရုရှားက နျူကလီးယားလက်နက် အသုံးပြုလာနိုင်သည့် အန္တရာယ်ကို သတိထားရန် ယူကရိန်းကာကွယ်ရေးဝန်ကြီး ရဇ်နစ်ကိဗ်က သတိပေးထားသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီ က ရုရှားတပ်များသည် ကျူးကျော်မှုစတင်ကတည်းက သိမ်းပိုက်ခဲ့သော ယူကရိန်းတောင်ပိုင်းဒေသမြို့တော် ခါဆွန်ကနေ အပြီးအပိုင်ဆုတ်ခွာရန် အနည်းဆုံး တစ်ပတ်ခန့် အချိန်ယူရမည်ဟုလည်း သုံးသပ်သည်။

–ကိုးကား —
AsiaNikkei
ref; Ukraine latest: U.S. to buy South Korean howitzer rounds to send to Ukraine

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။