Trending Now

ကျိုက်လတ်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေနတ်ဖြင့် အပစ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီး ခံထားရသူများထဲမှ ၁၇ ဦးပြန်လွတ်လာ

Spread the love

ကျိုက်လတ်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေနတ်ဖြင့် အပစ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီး
ခံထားရသူများထဲမှ ၁၇ ဦးပြန်လွတ်လာ

EPN
ကျိုက်လတ်၊ နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် သေနတ်ဖြင့်အပစ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး
အဖမ်းခံခဲ့ရသည့် လူ ၃၀ ကျော်ထဲမှ အမျိုးသမီး၂ ဦး အပါအဝင် ၁၇ ဦးပြန်လွတ်လာကြောင်း အဖမ်းခံရသည့်
မိသားစုဝင်တစ်ဦးထံမှ သိရသည်။

ကြံ့ခိုင်ရေးပါတီဝင်ဖြစ်သည့် ခေါလေးဆိုသူသည်ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်က ကျိုက်လတ်မြို့၊ ၂၃ လမ်း တွင် ရှိသည့် ဆည်းစိမ်ရှင် စားသောက်ဆိုင် အနီးတွင် အမည်မသိ သေနတ်သမားများမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထို့သို့ ကြံ့ခိုင်ရေးပါတီဝင် ခေါလေး ပစ်ခတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ အဖမ်းခံရသည့် ဒေသခံလူဦးရေ ၃၀ ကျော်ထဲမှ အမျိုးသမီးနှစ်ဦး အပါအဝင် ဒေသခံ ၁၇ ဦးကို ခံဝန်ကတိ လက်မှတ်ရေးထိုးကာ နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း အဖမ်းခံရသည့် မိသားစုဝင်တစ်ဦးက ဆိုသည်။

”ခေါလေး ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ ဆရာဝန် ၁ ယောက်၊ တက္ကသိုလ် ကျောင်းသူ ၂ ယောက် အပါအဝင် လူ ၃၀ ကျော်ကိုသက်ဆိုင်ရာက ဖမ်းဆီးခဲ့တာ ၊အခု အဖမ်းခံရတဲ့သူတွေထဲက အမျိုးသမီး ၂ ယောက် အပါ အဝင် ၁၇ ယောက်ကို လွတ်ပေးခဲ့တာ၊ ခံဝန်ကတိ လက်မှတ်ထိုးပေးလို့ လွှတ်ပေးတာ၊ ဆက် အဖမ်းခံရတာ ၁၆ ယောက်ရှိသေးတယ်။”ဟု ၎င်းက ပြောသည်။

ကျိုက်လတ်မြို့နယ်တွင် ပြီးခဲ့သည့်နှစ် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များ စတင်ဖြစ်ပေါ်ခဲ့သည့် ဖေဖော်ဝါရီလမှ ယခုနှစ် နိုဝင်ဘာလ ဒုတိယအပတ်အထိ အကြောင့် အမျိုးမျိုးဖြင့် ဖမ်းဆီးခံရသူဦးရေ ၂၀၀ ကျော်ရှိပြီး ဦးရေ ၃၇ ဦးမှထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း သတင်း မှတ်တမ်းများ အရ သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။