Trending Now

ALP မှ စစ်ဦးစီချုပ်ပါ (၃) ဦးကို AA မှ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ဟု ALP ထုတ်ပြန်

Spread the love

ALP မှ စစ်ဦးစီချုပ်ပါ (၃) ဦးကို AA မှ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ဟု ALP ထုတ်ပြန်

EPN
စစ်တွေ၊ ဇန်နဝါရီ ၅

ရခိုင်ပြည်၊ လွတ်‌မြောက်ရေးပါတီ ALP မှ စစ်ဦးစီးချုပ်အပါအ၀င် (၃) ဦးကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA လုပ်ကြံသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ယနေ့ ALP မှ ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်လွတ်‌မြောက်ရေးပါတီ ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင် ကျော်စိုး ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၈ နာရီတွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ၁၃ ရှိ ဆီတန်းရှေ့ ငါးစင်ရိုင်းချောင်းကျောင်းအနီးတွင် လုပ်ကြံသတ်ဖြတ်ခံ၍ ၃ ဦးလုံး သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်ခိုင်စောမြနှင့် တပ်မှူးနှစ်ဦးအား ULA/ AA ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန် အကြမ်းဖက် လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူ များကို တုန်လှုပ်ချောက်ချားစေသည့်အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ကြောင်း ALP မှ ထုတ် ပြန်ထားသည်။

AA သည် ALP မှ ခေါင်းဆောင်များ ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များ၊ ဖမ်းဆီးနှိက်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကို ဖမ်းဆီးခြင်း ရဟန်းသံဃာတော်များကို ဖမ်းဆီးခြင်းတို့ ဆက် တိုက်ပြုလုပ်လာမှုအတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ALP မှ ထုတ်ပြန်ထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။