Trending Now

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရေးလုပ်ငန်းများနှင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသောဆရာတော်ကြီးများ/လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲများ၊ဂုဏ်ထူး ဆောင်တံဆိပ်များကိုချီးမြှင့်အပ်နှင်း

Spread the love

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရေးလုပ်ငန်းများနှင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသောဆရာတော်ကြီးများ/လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲများ၊ဂုဏ်ထူး ဆောင်တံဆိပ်များကိုချီးမြှင့်အပ်နှင်း

EPN
နေပြည်တော်၊ ဇူလိုင် ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြိုနယ်တွင် ကိန်းဝပ်စံပယ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများနှင့် အေးချမ်းသာယာပြီးခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက် ခဲ့ကြသော အောက်ဖော်ပြပါ ဆရာတော်ကြီးများ/ လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲများ၊ ဂုဏ်ထူးဆောင် တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

သရေစည်သူဘွဲအား ရွှေကျင် နိကာယ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ ပုညနိမ္မိတာရာမရွှေသုဝဏ်ကျောင်းတိုက်၊ ရွှေသုဝဏ် ဆရာတော်ကြီး ဘဒ္ဒန္တသဒ္ဓိယ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ပါမောက္ခချုပ် ဆရာတော် (ငြိမ်း) ဒေါက်တာ ဘဒ္ဒန္တ သီလာနန္ဒာဘိဝံသ၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိ စာသင်တိုက်၊ ပါဠိဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဗိုလ်ချုပ် ကိုကိုလွင်နှင့် အင်ဂျင်နီယာကောင်စီ နာယက ဒေါက်တာ ညီလှငယ်တိုကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

ဆက်လက်ပြီး စည်သူဘွဲအား အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ အဘိဝိနယာစရိယစာသင်တိုက်၊ ပဓာနနာယက ဘဒ္ဒန္တခေမာနန္ဒ (ရန်ကင်းဆရာတော်)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် အင်ဂျင်နီယာကောင်စီ Structure ပညာရှင် ဒေါက်တာတိုးတိုးဝင်းတိုအား ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။
တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ သူရဘွဲအား ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူး သော်ဇင် (လေ)၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်ကြပ်ကြီး ဝင်းမြင့်သူတိုကိုချီးမြှင့်အပ်နှင်းခဲ့ပြီး၊ သီရိပျံချီဘွဲ၊ သိပ္ပကျော်စွာဘွဲတိုကိုလည်း ဆရာတော်ကြီးများ/ လူပုဂ္ဂိုလ်များအား ပေးအပ်ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

ထိုပြင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်)၊ စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ စီမံထူးချွန်တံဆိပ် (တတိယဆင့်)၊ လူမှုထူးချွန်တံဆိပ် (ပထမဆင့်)၊ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ လူမှုထူးချွန်တံဆိပ် (တတိယဆင့်)၊ စက်မှုစီးပွားထူးချွန်တံဆိပ် (တတိယဆင့်)၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ နည်းပညာထူးချွန်တံဆိပ် (ပထမဆင့်)၊ နည်းပညာထူးချွန်တံဆိပ်(ဒုတိယဆင့်)နှင့် နည်းပညာထူးချွန်တံဆိပ် (တတိယဆင့်) စသည့် ဂုဏ်ထူးဆောင်ဘွဲများ၊ ဂုဏ်ထူးဆောင် တံဆိပ်များကို သက်ဆိုင်ရာ လူပုဂ္ဂိုလ်များအား ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။