Trending Now

ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂၆ ဦး အထိရှိလာ

Spread the love

ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂၆ ဦး အထိရှိလာ

EPN
မြစ်ကြီးနား၊ ဇွန် ၁၆

ကချင်ပြည်နယ်အတွင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စ၍ ဇွန်လ ၁၆ရက် နေ့အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂၆ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ယခုနှစ်အတွင်း ကချင်ပြည်နယ်၌ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ မရှိသေးသော်လည်း မြစ်ကြီးနားတွင် ၄ ဦး၊ ဝိုင်းမော် ၂ ဦး၊ ဗန်းမော်တွင် ၈ ဦး၊ ဖားကန့်တွင် ၄ဦး၊ ရွှေကူတွင် ၆ ဦး၊ မံစီတွင် ၁ ဦး၊ တနိုင်းတွင် ၁ ဦး စုစုပေါင်း ၂၆ ဦး အထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ် အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၃၂၅ဦး၊ သေဆုံးသူ ၃၁ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလလည်းဖြစ်သည့် အတွက် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာကြရန် ထို့အပြင်သွေးလွန် တုပ်ကွေး ရောဂါနှင့် ဆင်တုပ်ကွေး ရောဂါများကိုပါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ခြင်ကျား လောက်လန်း ရှင်းလင်းခြင်းကို မိမိတို့ ပတ်ဝန်းကျင်များတွင် အနည်းဆုံး တစ်ပတ်တစ်ကြိမ် မပျက်မကွက် ဆောင်ရွက်ကြရန် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုက်တွန်းနိုးဆော်ထားသည်။

၂၀၁၉ ခုနှစ်အတွင်း ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်ပွားခဲ့ပြီး ဆင်တုပ်ကွေးရောဂါသည်လည်း ပြည်နယ်အနှံ့အပြား ဖြစ်ပွားခဲ့သည်။

ကေသီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။