Trending Now

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ မကြာမီ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မည်

Spread the love

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ မကြာမီ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မည်

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၂

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟေးဆာရာကာဝါတို့က မြန်မာနိုင်ငံကို မကြာမီလာရောက်လည်ပတ်ဖို့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဓိပတိကောင်စီ ဥက္ကဋ္ဌနဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟွန်ဆန်နဲ့ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟေးဆာရာကာဝါတို့ဟာ အောက်တိုဘာ ၁၁ ရက်နေ့က CPP ရုံးချုပ်မှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေကို တိုးတက်စေချင်တဲ့ မစ္စတာဟွန်ဆန်ရဲ့ ကြိုးပမ်းမှုအပါအဝင် မြန်မာ့အကျပ်အတည်းကို နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားဟာ ရင်က အတွေ့အကြုံရှိခဲ့တာကြောင့် မြန်မာနိုင်ငံပေါ် ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေ ပေးစွမ်းနိုင်တဲ့ အဓိကကျတဲ့ ကစားသမားတစ်ဦးအဖြစ် ကမ္ဘောဒီးယားရဲ့ စွမ်းရည်ကို ကျေးဇူးတင်ကြောင်း ဂျပန်ဘက်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ အခြေအနေအရပ်ရပ်ကို နှစ်ဖက်သဘောတူညီခဲ့ကြပြီးနောက် အနာဂတ်မှာ မမြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ကြပါတယ်။

Ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။