Trending Now

ယူကရိန်းကို လက်နက်ထောက်ပံ့မှုထဲမှာ နိုင်ငံရေးကစားနည်းတွေ မပါဝင်သင့်ဘူးလို့ ပုပ်ရဟန်းမင်းကြီး ပြော

Spread the love

ယူကရိန်းကို လက်နက်ထောက်ပံ့မှုထဲမှာ နိုင်ငံရေးကစားနည်းတွေ မပါဝင်သင့်ဘူးလို့ ပုပ်ရဟန်းမင်းကြီး ပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ခဲ့တဲ့ နိုင်ငံအချို့ဟာ လက်ရှိအချိန်မှာ ကတိကဝတ်တွေကို ကျောခိုင်းလာတာကို မြင်တွေ့နေရတဲ့အတွက် ကတိကဝတ်တွေကို ကလေးကစားသလို မလုပ်သင့်ဘူးလို့ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ပြောကြားလိုက်ပါတယ်။

ယူကရိန်းကို လက်နက်ပေးအပ်ခြင်းနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေ ချမှတ်နိုင်ပေမယ့် ဒီလိုအရေးကြီးတဲ့ ကိစ္စရပ်တွေမှာ နိုင်ငံရေးကစားနည်းတွေ မပါဝင်သင့်ဘူးလို့ ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ပြုခဲ့ပါတယ်။

“ယူကရိန်းပြည်သူတွေပေါ် ကလေးကစားသလို မလုပ်သင့်ပါဘူး၊ ငါတို့က သူတို့ကို ကူညီဖြေရှင်းပေးရမယ်၊ တချို့နိုင်ငံတွေက (ယူကရိန်းကို) လက်နက်မပေးချင်ဘဲ နောက်ပြန်ဆုတ်နေတာကို ငါမြင်တယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စိတ်ပျက်အားလျော့မိကြောင်း နဲ့ ဒီအခြေအနေတွေဟာ လက်နက်လုပ်ငန်းရဲ့ အခန်းကဏ္ဍနဲ့လည်း ပတ်သက်နေတယ်လို့ ပြင်သစ်ဆိပ်ကမ်းမြို့ မာဆေး ကနေပြန်လာတဲ့ လေယာဉ်ပေါ်မှာ ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ သဘောထားကို ပြောကြာခဲ့ပါတယ်။

“ဒီစစ်ပွဲရဲ့ အကျိုးစီးပွားဟာ ယူကရိန်း-ရုရှား ပြဿနာနဲ့ ဆက်နွှယ်နေရုံတင်မကဘဲ လက်နက်ရောင်းချမှု၊ လက်နက်ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ပါ သက်ဆိုင်တယ်လို့ ယူဆရပါတယ်” လို့ ပုရဟန်းမင်းကြီးက ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးပြောကြားခဲ့တာဟာ ယူကရိန်းနိုင်ငံအပေါ် လက်နက်ထောက်ပံ့သင့်တယ်၊ မသင့်ဘူးလို့ ဆိုလိုတာမဟုတ်ဘဲ လက်နက်လုပ်ငန်းရဲ့ အကျိုးဆက်တွေကိုသာ မီးမောင်းထိုးပြခဲ့တာဖြစ်တယ်လို့ ဗာတီကန် နန်းတော်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

လက်နက်ရောင်းချမှုနဲ့ ကုန်သွယ်မှုပြုလုပ်သူတွေဟာ စစ်ပွဲကနေ အမြတ်ထွက်ကြပေမယ့် အကျိုးဆက်ကတော့ ယူကရိန်းပြည်သူတွေကဲ့သို့ အခြားလူတွေကို ဒုက္ခရောက်စေကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။

မိမိကိုယ်ကို ခုခံကာကွယ်နေတဲ့ ယူကရိန်းအပေါ် လက်နက်ထောက်ပံ့မှုဟာ ကျင့်ဝတ်အရ တရားမျှတမှုဖြစ်နိုင်ကြောင်း ပုရဟန်းမင်းကြီးက ယခင်က အသိအမှတ်ပြုခဲ့ပေမယ့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်မှုကိုတော့ ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။