Trending Now

မြစ်ကြီးနားခရိုင်တွင် ၂၄ နာရီအတွင်း မိုးကြီးနိုင်

Spread the love

မြစ်ကြီးနားခရိုင်တွင် ၂၄ နာရီအတွင်း မိုးကြီးနိုင်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်‌တွင် ၂၄ နာရီအတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် စုစုစံမှ ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်ရှိဒေသများတွင် မိုးအသင့်အတင့်ရွာနိုင်ပြီး မြစ်ကြီးနားခရိုင်ဒေသများနှင့် ပူတာအိုခရိုင်ရှိ ဒေသများတွင် မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ဖော်ပြထား သည်။

လက်ရှိတွင် မြစ်ကြီးနားမြစ်ရေ စိုးရိမ်ရေအမှတ် (၁၂၀၀) စင်တီမီတာ သို့ရောက်ရှိရန် (၄၇၆) စင်တီမီတာ၊ (၁၅) ပေခွဲတွင် ရှိနေပြီး ကချင်ပြည်နယ် အထက်ပိုင်းဒေသများမိုးကြီးလာနိုင်သည့်အတွက် စိုးရိမ်ေရအမှတ်ကို တဖြည်းဖြည်း ရောက်‌ရှိလာနိုင်ကြောင်း သိရသည်။

မြစ်ကြီးနားမြစ်ရေမှာ ၂၄ နာရီအတွင်း မြစ်ရေများ ထပ်မံမြင့်တက်လာနိုင်မည်ဖြစ်ပြီး မြစ်ကမ်းဘေး တစ်လျှောက်တွင် နေထိုင်လုပ်ကိုင်သူများ ကြိုတင်ပြင် ဆင်ထားရန်လိုကြောင်းလည်း မိုးလေဝသဇလဗေသ ဦးစီးထံမှ သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။