Trending Now

သင်္ကြန်နှင့် နွေရာသီ ကျောင်းပိတ်ရက် ကာလအတွက် ချောင်းသာ ကမ်းခြေနှင့် ငွေဆောင်က ဟိုတယ် အခန်းများ ကြိုတင်မှာယူမှု များပြားနေ

Spread the love

သင်္ကြန်နှင့် နွေရာသီ ကျောင်းပိတ်ရက် ကာလအတွက် ချောင်းသာ ကမ်းခြေနှင့် ငွေဆောင်က ဟိုတယ် အခန်းများ ကြိုတင်မှာယူမှု များပြားနေ

EPN
ချောင်းသာ၊ ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတို့မှာ သင်္ကြန်ကာလ နှင့် နွေရာသီ ကျောင်းပိတ်ရက် ကာလများအတွက် ဟိုတယ်အခန်းများ ကြိုတင် မှာယူမှု များနေတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ချောင်းသာဇုန်) မှ သိရပါတယ်။

ပုသိမ်းမြို့နယ်က ချောင်းသာ ကမ်းခြေ နှင့် ငွေဆောင် ကမ်းခြေတို့မှာ လက်ရှိ ဟိုတယ်အခန်းများ အားလုံး၏ ၄၀ ရာခိုင်နှုန်းခန့် လာရောက် လည်ပတ်ကြပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များမှာ ၇၀ ရာခိုင်နှုန်း အထိ လာရောက် လည်ပတ်လျှက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိကြိုတင်အမှာ များပြားနေခြင်းကြောင့် လာမယ့် သင်္ကြန်ရုံးပိတ်ရက်နှင့် နွေရာသီ အထက်တန်း ကျောင်းပိတ်ရာသီတွင် လာရောက်လည်ပတ်အပန်းဖြေသူ ၁၀၀ ရာခိုင်နှုန်းအထိ ရှိလာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်အသင်း ချောင်းသာဇုန်မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

“ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သတ်မှတ် ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနဲ့အညီ ဖွင့်လှစ် ဝန်ဆောင်မှု ပေးနေတာဖြစ်တယ်။ မကြာမီ ပိတ်ရက်ရှည်များဖြစ်သော နွေရာသီ ဆယ်တန်းကျောင်း ပိတ်ရက်နဲ့ သင်္ကြန် ကာလ ရုံးပိတ်ရက်တွေ ရောက်တော့မယ် ဆိုတော့ ပိုလာကြမှာဖြစ်တယ်။ လက်ရှိမှာလည်း အဲ့ဒီကာလတွေ အတွက် ဟိုတယ် အခန်း မှာယူထားသူ များနေပါတယ်။”ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်က ငွေဆောင် ကမ်းခြေနှင့် ချောင်းသာကမ်းခြေဟာ ခရီးသွား ပြည်သူ အများဆုံး လာရောက်လည်ပတ်သော ကမ်းခြေတွေဖြစ်ပြီး ချောင်းသာကမ်းခြေတွင် ဟိုတယ် ၃၉ လုံးနဲ့ တည်ခိုခန်း ၅၉ လုံးရှိပြီး ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံးနဲ့ တည်ခိုခန်း ၄၆ လုံးဖြင့် ဝန်ဆောင်မှုများ ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ Test k ဖြင့် စစ်ဆေးခြင်း၊ လူအများ ထိတွေ့မှု အများဆုံးရှိသည့် နေရာများကို ပိုးသတ်ဆေးဖျန်းခြင်းတို့ လုပ်ဆောင်လျှက်ရှိတယ်။ ကမ်းခြေများကိုကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင်က ပြည်တွင်းပြည်ပ ခရီးသွားများ အများဆုံးသွားရောက် လည်ပတ်ကြတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လာလို့ ခေတ္တပိတ်ထားခဲ့ရပါသေးတယ်။ ပိတ်ခဲ့ပြီးလို့ပြန်ဖွင့်တဲ့ နောက်ပိုင်းစည်ကားလျှက်ရှိနေတာကို တွေ့ရပါတယ်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။