Trending Now

အာမေးနီးယား ကာကွယ်ရေး ဒုတိယဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Spread the love

အာမေးနီးယား ကာကွယ်ရေး ဒုတိယဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၈

အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဂါဘရီရယ်လ်ဘာလာရန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း လွှတ်တော် ကာကွယ်ရေးနှင့် လုံခြုံရေးရာ အမြဲတမ်းကော်မတီဥက္ကဌ အန်ဒရာနစ်ခ်ကိုချာ ရန်းက ကော်မတီအစည်းအဝေး၌ ပြောကြားခဲ့သည်။

“ဒီနေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အစည်းအဝေးတက်ရောက်ဖို့ဖြစ်ပေမယ့် သူ နေမ ကောင်းဖြစ်နေပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ကျန်းမာရေးကောင်းမွန်ဖို့ ဆုတောင်ပေးကြစို့” ဟု ကို ချာရန်းက ပြောသည်။

အာမေးနီးယားနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၅၃၅ မှု ရှိခဲ့ရာ ဓာတ် ခွဲအတည်ပြု ကူးစက်လူနာစုစုပေါင်း ၂၉၈၂၀ ဦးအထိ ရှိ်လာခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ် ရေး အမျိုးသားဗဟိုဌာနက ယနေ့ ပြောကြားသည်။

နောက်ထပ် ကိုဗစ်-၁၉ လူနာ ၅၂၀ ဦး ပြန်လည်သက်သာလာခဲ့ရာ ပိုးကင်းစင်လူနာ စုစုပေါင်း ၁၇၄၂၇ ဦး အထိ ရှိလာခဲ့ပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း လူနာ ၁၈ ဦး ထပ်မံ သေဆုံးခဲ့ရာ သေဆုံးလူနာ စုစုပေါင်း ၅၂၁ ဦးအထိ မြင့်တက်လာခဲ့ပြီး ရောဂါပြသဆဲလူနာ ၁၁၇၀၈ ဦးရှိနေသေးကြောင်း သိရသည်။

–ကိုးကား–
အာမန်းပရက်စ်
Ref; Armenia’s deputy defense minister infected with COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။