Trending Now

မြစ်ကြီးနားတက္ကသိုလ်တွင် ဖြေဆိုနေသည့် ပထမနှစ်ဝက် စာမေးပွဲများကို ယနေ့မှစ၍ရပ်ဆိုင်း

Spread the love

မြစ်ကြီးနားတက္ကသိုလ်တွင် ဖြေဆိုနေသည့် ပထမနှစ်ဝက် စာမေးပွဲများကို ယနေ့မှစ၍ရပ်ဆိုင်း

EPN
မြစ်ကြီးနား၊ မတ်  ၂၄

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့ ည(၁၁)နာရီအချိန်ခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် covid-19 ကူးစက်ခံရသောလူနာ (၂) ဦးတွေရှိရကြောင်း သိရသည်။

အဆိုပါ ကူးဆက်ခံရမှုကြောင့် မြစ်ကြီးနားတက္ကသိုလ်တွင် ဖြေဆိုနေသည့် ပထမနှစ်ဝက် စာမေးပွဲများကို ယနေ့မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ မြစ်ကြီးနားတက္ကသိုလ် ပညာရေးအဖွဲ့မှ သိရသည်။

“ကျနော်တို့ တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ covid-19 ကမ္ဘာ့ကပ်ရောဂါ အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုဖြေဆိုနေတဲ့ စာမေးပွဲတွေကို ရပ်ဆိုင်းမယ် လက်ရှိ ဖြေဆိုပြီးတဲ့(၄)ဘာသာကိုဒီတိုင်းထားပြီးကျန်တဲ့ ဖြေဆိုရမဲ့ (၂)ဘာသာ ပြန်လည်ဖြေဆိုမဲ့ရက်ကို ထက်မံကြေညာသွားမှာ ဖြစ်ပါတယ်။” ဟု မြစ်ကြီးနားတက္ကသိုလ် သင်တန်းရေးရာဌာနမှူး ဦးအောင်မြင့်က ပြောသည်။

အဆိုပါစာမေးပွဲကို မတ်လ (၁၈) ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ကျောင်သားကျောင်းသူ လူဦးရေစုစုပေါင်း (၆၈၀၀)ကျော် ဖြေဆိုနေကြောင်း သိရသည်။

ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။