Trending Now

ကလေးမြို့နယ် တဲကြီးရွာအနီးက PDF စခန်းကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က သိမ်းဆည်း

Spread the love

ကလေးမြို့နယ် တဲကြီးရွာအနီးက PDF စခန်းကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က သိမ်းဆည်း

EPN
ကလေး ၊ မေ ၂၂

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ တဲကြီး (ရွာဟောင်း နဲ့ ရွာသစ်) ကျေးရွာအကြားမှာ အခြေပြုနေတဲ့ PDF စခန်းတခုကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က မေ ၂၁ ရက် ၊ မနေ့က မနက် ၈ နာရီဝန်းကျင်မှာ သိမ်းဆည်းရမိတယ်လို့ ကလေးမြို့နယ် လုံခြုံရေး အဖွဲ့ဆီက သိရပါတယ်။

” ကင်းစောင့်နေတဲ့ အမျိုးသမီး ကင်းသမား ၂ ယောက်ပဲကျန်ထားခဲ့ပြီး အားလုံးထွက်ပြေး တိမ်းရှောင်နေတဲ့ PDF စခန်းကို သိမ်းဆည်းရမိတာ ” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် PDF (အမျိုးသမီး)အလောင်း ၂ လောင်း၊ တူမီး(အရှည်) ၂၁ လက်၊ တူမီး(အတို) ၁ လက်၊ လက်လုပ်ပစ္စတိုသေနတ် ၄ လက်၊ လေသေနတ် ၁ လက်၊ ဂက်စ်သေနတ် ၁၀ လက်၊ ရှော့တိုက်စိန်ပြောင်း ၆ လက်၊ လက်လုပ်မိုင်း ၃ လုံး၊ ၅.၅၆ မမကျည် ၁၅၀ တောင့်၊ ၇.၆၂ မမ ကျည် ၂၁၀ တောင့်၊ ၉မမကျည် ၈၀ တောင့်၊ ၁၂ ဗို့ကျည် ၇၇ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ AK ကျည်အိမ် ၁ ခု၊ လျှပ်စစ် ဒီတိုနေတာ ၂၃၀ ချောင်း၊ ဆန် ၂၀ အိတ်၊ ကြက်သွန်နီ ၂ အိတ်၊ ဆိုင်ကယ် ၅ စီး၊ Parado ကား ၁ စီး၊ လူနေတဲ ၂ လုံးတို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

အဲ့ဒီ စခန်းသိမ်းဆည်းတဲ့အခါမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဘက်က ထိခိုက်ဒဏ်ရာရတာ ၊ သေဆုံးတာ မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါသေးတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။