Trending Now

မြစ်ကြီးနား မလိခ ဝန်ထမ်းအိမ်ယာက အမျိုးသား တစ်ဦး အနံ့ပျောက်နေသဖြင့် နေအိမ်တွင် စောင့်ကြည့်ထား

Spread the love

မြစ်ကြီးနား မလိခ ဝန်ထမ်းအိမ်ယာက အမျိုးသား တစ်ဦး အနံ့ပျောက်နေသဖြင့် နေအိမ်တွင် စောင့်ကြည့်ထား

 

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊သီတာရပ်ကွက်ရှိ မလိခဝန်ထမ်းအိမ်ရာက အမျိုးသားတစ်ဦး အနံ့မရသည်မှာ လေးရက်တိတိရှိပြီ ဖြစ်သောကြောင့် လက်ရှိ ယင်းနေအိမ်အခန်းတွင် စောင့်ကြည့်ထားကြောင်း သီတာရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။
ယင်းမျိုးသားမှာ ဝိုင်းမော်မြို့နယ် မြေစာရင်းဌာနရုံးက ဝန်ထမ်းဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်နေ့မှ ယမန်နေ့ (၂) ရက်နေ့ အထိ နှာခေါင်းအနံ့မရသဖြင့် လက်ရှိ ယင်းနေအိမ်အခန်း၌ Quarantine (၇)ရက်စောင့်ကြည့်မည် ဖြစ်ကြောင်း သီတာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးကဆိုသည်။
”သူက နှာစေးချောင်းဆိုးဖြစ်ပြီးတော့မှ နှာခေါင်းထဲမှာ တစ်ခုခုဝင်သွားတဲ့ အနေအထားပေါ့ အခုလောဆယ် အနံ့က လေးရက်ပျောက်သွားတယ်တဲ့ အခုက အနံ့ပြန်ရတယ်တဲ့ကျန်းမာရေးဘက်က စိုးရိမ်ရတဲ့အနေအထား မရှိတဲ့အတွက်စောင့်ကြည့်အနေအထားနဲ့ပဲ ခုနှစ်ရက်စောင့်ကြည့်မယ်” ဟု ဦးဝင်းဇော်ဦးကပြောသည်။
ယင်းအမျိုးသားကို ယနေ့နံနက်ပိုင်းက စတင်ကာ ၄င်းနေထိုင်ရာ မလိခဝန်ထမ်းအိမ်ရာတွင် Home Quarantine ၇ ရက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။
လွမ်းအောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။