Trending Now

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံ၏ သေဆုံးသူဦးရေက တရုတ်နိုင်ငံ၏ သေဆုံးသူဦးရေကို ကျော်လွန်လာ

Spread the love

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံ၏ သေဆုံးသူဦးရေက တရုတ်နိုင်ငံ၏ သေဆုံးသူဦးရေကို ကျော်လွန်လာ


EPN
နိုင်ငံတကာ မတ် ၂၀

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ တရုတ်နိုင်ငံထက် ပိုမို များပြားလာခဲ့ပြီး ယခုအခါ ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံးတိုင်းပြည် ဖြစ်လာသည်။

ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် လူ ၄၂၇ ဦး ထပ်မံ သေဆုံးခဲ့ရာ သေဆုံးသူ စုစု ပေါင်းမှာ ၃၄၀၅ ဦးအထိ ရှိလာခဲ့ကြောင်း အီတလီအစိုးရက ပြောကြားသည်။

ထိုအရေအတွက်မှာ အဆိုပါနေ့တွင် တရုတ်နိုင်ငံက ကြေညာခဲ့သည့် ကိုရိုနာဗိုင်းရစ် ကူးစက်ရောဂါ ကြောင့် သေဆုံးသူ ၃၂၄၅ ဦးထက် ပိုများပြားသည်။

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ပြီးခဲ့သော ၁၀ ရက်အတွင်း ငါးဆ မြင့်တက်လာခဲ့ပြီး သေဆုံးမှုအများစုမှာ အီတလီနိုင်ငံမြောက်ပိုင်းတွင်ဖြစ်သည်။

အထူးကုသဆောင်များ အရေအတွက် တိုးမြှင့်တည်ဆောက်ခြင်းကဲ့သို့သော စီမံချက်များလုပ်ဆောင်၍ အီတလီအစိုးရက ဆေးဘက်ဆိုင်ရာစနစ် မြှင့်တင်လျက်ရှိသည်။

–ကိုးကား–အင်န်အိတ်ချ်ကေ
Ref; Italy’s coronavirus death toll tops China’s


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။