Trending Now

မြစ်ကြီးနားမြို့တွင် အမျိုးသမီးနှစ်ဦးထံမှ ကာလတန်ဖိုး ကျပ်သိန်း (၁၇၀)ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် အမျိုးသမီးနှစ်ဦးထံမှ ကာလတန်ဖိုး ကျပ်သိန်း (၁၇၀)ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယမန်နေ့ ဇန်နဝါရီလ (၂)ရက်နေ့ ညနေ (၄)နာရီခန့်က ရွှေညောင်ပင်ရပ်ကွက်၊ နယ်မြေ (၉)အတွင်း နေအိမ်တစ်ခုရှိ အမျိုးသမီး နှစ်ဦးထံမှ ကာလတန်ဖိုး ကျပ်သိန်း (၁၇၆) သိန်းကျော် တန်ဖိုးရှိသည့် ဘိန်းဖြူမှုန်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနား နယ်မြေရဲစခန်းမှ သိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ ရွှေညောင်ပင်ရပ်ကွက်၊ နယ်မြေ (၉)တရုတ်ဘုံကျောင်းနောက်ကျောလမ်းအတွင်းရှိ နေအိမ်တစ်ခုတွင် ဝင်ရောင်ရှာဖွေရာ ဘိန်ဖြူဟုယူဆရသည့် ဖြူ၊ဝါရောင်းအမှုန်းများကို ထုတ်လျှက်ထည့်ထားသည့် ဆပ်ပြာခွက် (၄၄)ခွက် စုစုပေါင်း အလေးချိန် (၄၄၀)ဂရမ် ခန့်၊ ကာလတန်ဖိုးကျပ်သိန်း (၁၇၆)သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“တာဝန်သိပြည်သူများရဲ့သတင်းပေးချက်အရ ရှာဖွေခဲ့တာဖြစ်တယ်၊ ရောင်ဝယ်သူ လို့ယူဆရတဲ့ အမျိုးသမီးနှစ်ဦးကို အရင်တွေ့ခဲ့တယ်၊ နောက်ပြီး နေအိမ်တစ်ခုလုံးကို ရှာဖွေကြည့်တော့ အိပ်ခန်းရဲ့ ကုတင်ခြေရင်းနားမှာ အမဲရောင်ကြွပ်ကြွပ်အိတ်နဲ့ထုတ်ထားတဲ့ ဆပ်ပြာခွက်တွေတွေ့တယ်၊ အဲ့ဒီဆပ်ပြာခွက်တွေထဲမှာ ဘိန်းဖြူမှုန်းတွေ ပလပ်စတစ်အိတ်တွေနဲ့ထုတ်ထားတာတွေကိုတွေ့ခဲ့တယ်” ဟု မြစ်ကြီးနားနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။

ယင်းမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးမိသူများမှာ အသက် (၄၂)နှစ် အရွယ်ရှိ မအေးခေါန် (ခ) ဆောင်းပိန် ဆိုသူနှင့် အသက် (၄၅)နှစ်အရွယ်ရှိ မ မြင့်မြတ်ထွေး ဆိုသူတို့ ဖြစ်ကြကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အမျိုးသမီးနှစ်ဦးကို မြစ်ကြီးနားမြို့နယ်မြေရဲစခန်းတွင် (ပ) ၁/၂၀၂၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။