Trending Now

လယ်ကုန်းရပ်ကွက်၊ အောင်ချမ်းသာကျောင်းတိုက်တွင် ရှမ်းရိုးရာ စုပေါင်း ရှင်ပြုနားသ အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်မည်

Spread the love

လယ်ကုန်းရပ်ကွက်၊ အောင်ချမ်းသာကျောင်းတိုက်တွင် ရှမ်းရိုးရာ စုပေါင်း ရှင်ပြုနားသ အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်မည်

EPN
မြစ်ကြီးနား၊ မတ် ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ အောင်ချမ်းသာကျောင်းတိုက်တွင် ရှမ်းရိုးရာ စုပေါင်း ရှင်ပြုနားသ အလှူတော်မင်္ဂလာကို မတ်လ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ရှမ်းရိုးရာ စုပေါင်း ရှင်ပြုနားသ အလှူတော်မင်္ဂလာကို ရှမ်းလူမျိုးတို့၏ ရှမ်းရိုးရာ ယဉ်ကျေးမှု အမွေအနှစ်အတိုင်း ဆင်ယင်ထုံးဖွဲ့ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ရှမ်းရိုးရာ စုပါင်းအလှူပွဲ ဦးဆောင်သူ ဦးစိုင်းမောင်ညိုက ပြောသည်။

“ကျွန်တော်တို့ ရှမ်းရိုးရာ စုပေါင်းရှင်ပြုပွဲ လုပ်ရခြင်း အကြောင်းအရင်းကတော့ မရှိတဲ့ ဆင်းရဲသားချင်းအတူတူ စုပေါင်းပြီးမှ လုပ်ကြတာလေ။ ကိုယ်ပိုင် တစ်ဦးတည်း မလုပ်နိုင်ဘူးပေါ့။ ဒါကြောင့် စုပေါင်းပြီး အလှူသက်သက် လုပ်ရခြင်းဖြစ်တယ်။ ပွဲမှာဆိုရင်လည်း ဂါပက က အစ ရှမ်းရိုးရာ ၀တ်စုံနဲ့ ပေါ်လိန့်၊ မယ်လိန့်၊ ပေါ်ခိန်၊ မယ်ခိန်၊ ဓမ္မစကူးလ် ကလေးငယ်ကအစ တို့ရှမ်းအလှူပွဲမှာ လှည့်လည်ပြီး စည်စည်ကားကားနဲ့ ဖြစ်နိုင်အောင် စုပေါင်းပြီးတော့မှ လုပ်ကြတာပေါ့။ နောက်တစ်ခု စုပေါင်းလုပ်တာက အောင်ချမ်းသာကျောင်းတိုက်မှာ ဆောက်လုပ်နေတဲ့ ဓမ္မဗိမ္မာန်တော်အတွက် ဓမ္မမိတ်ဆွေ အပေါင်းအသင်းတွေကို ဖိတ်ပြီးတော့မှ ကျောင်းဒကာအဖြစ် လှူချင်တဲ့သူတွေလည်း ပါ၀င်ကုသိုလ်ယူနိုင်အောင်လို့ပါ။ ရတဲ့အလှူငွေကိုလည်း ဘယ်လောက်ပဲရရ ကျောင်းကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုင်းမောင်ညိုက ပြောသည်။

အဆိုပါ ရှမ်းရိုးရာ စုပေါင်း ရှင်ပြုနားသ အလှူတော်မင်္ဂလာကို မတ်လ ၁၅ ရက်နေ့တွင် အလှူပွဲ၀င်အဖြစ် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး၊ မတ်လ ၁၆ ရက်နေ့၌ အလှူပွဲ (ပွဲကြီး) အဖြစ် ကျင်းပပြုလုပ်သွားကာ မောင်ရှင်လောင်း ၂၁ ပါးနှင့် မြတ်နားသ ၅ ဦး တို့အတွက် အလှူရှင် ၁၅ ဦးမှ စုပေါင်း ကျင်းပပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။