Trending Now

မလေးရှားသွားမယ့် မြန်မာနိုင်ငံသား ဒါဇင်ကျော်ကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

Spread the love

မလေးရှားသွားမယ့် မြန်မာနိုင်ငံသား ဒါဇင်ကျော်ကို  ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး 
 
EPN
နိုင်ငံတကာ၊ ဧပြီ ၃

မလေးရှားနိုင်ငံဆီ သွားဖို့ ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသားတွေကို ဒီနေ့နံနက်ပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ထိုင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

ထိုင်းနိုင်ငံ ဆောင်ခလာ မြို့ကို ပစ်ကပ်ကားနဲ့ရောက်ရှိလာချိန်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ကားပေါ်မှာပါတဲ့ မြန်မာနိုင်ငံသား ၁၅ဦးနဲ့ ထိုင်း ကားမောင်းသမားတစ်ဦးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပိုစ့်သတင်းကဖော်ပြပ့ါတယ်။

ထိုင်းရဲတပ်ဖွဲ့ ဟာ သတင်း အရ စုံစမ်းစစ်ဆေးနေချိန်မှာ မြန်မာနိုင်ငံသားတွေကို ခေါ်ဆောင်လာတဲ့ကားက စစ်ဆေးရေးဂိတ်ကိုရောက်ရှိလာပြီး စစ်ဆေးချိန်မှာဖမ်းဆီးခံရတာဖြစ်ကြောင်း သိရပါတယ်။ကားဟာထိုင်း-မလေးရှားနိုင်ငံနယ်စပ် နာရာသီဝက်မြို့ကို ဦးတည်သွားရောက်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားတွေကို လျိုဝှက်ခေါ်ဆောင်လာတာဖြစ်ကြောင်းထိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မြန်မာနိုင်ငံသားတွေကို ကားနောက်ခန်းမှာ အိပ်လျက်တွေ့ရှိခဲ့ကြောင်း၊ လက်ရှိအချိန်မှာဖမ်းဆီးကာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။
—————————————


EPN





Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။