Trending Now

ငလျင်ကြောင့် လူပေါင်း ၂၄၀၀ ကျော်သေဆုံးခဲ့ရတဲ့ အာဖဂန်နစ္စတန်မှာ ရက်ပိုင်းအတွင်း ဒုတိယအကြိမ် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့

Spread the love

ငလျင်ကြောင့် လူပေါင်း ၂၄၀၀ ကျော်သေဆုံးခဲ့ရတဲ့ အာဖဂန်နစ္စတန်မှာ ရက်ပိုင်းအတွင်း ဒုတိယအကြိမ် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၁

အာဖဂန်နစ္စတန်မှာ လူပေါင်း ၂၄၀၀ ကျော်သေဆုံးခဲ့ရတဲ့ ငလျင်နှစ်ခုလှုပ်ခတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ နောက်ထပ် အင်အားပြင်း ငလျင်တစ်ခုဒီနေ့ အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းက လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက ဟီရတ်ပြည်နယ်ရဲ့ မြို့တော် ဟီရတ်မြို့အနီးမှာ ပြင်းအား ၆.၃ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့သွားခဲ့ပြီး “ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှု” တွေရှိခဲ့တယ်လို့ ဟီရတ် အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

အနည်းဆုံး လူ ၈၀ ထက်မနည်း ဒဏ်ရာရခဲ့ပြီး မြေပြိုမှုကြောင့် အဓိက ဟီရတ်-တောဂွမ်တီ အဝေးပြေးလမ်းမကြီး ပိတ်ဆို့သွားခဲ့တယ်လို့ အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က လှုတ်ခဲ့ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမရှိဘဲ ကျန်ရှိနေတဲ့ ချာဟန့် ရွာက အိမ်ခြေ ၇၀၀ ကျော်ပြိုကျသွားခဲ့တယ်လို့လည်း အေပီသတင်းက ဖော်ပြထားပါတယ်။

ပိုမိုကျယ်ပြန့်တဲ့ သတင်းအချက်အလက်တွေကို မရရှိသေးပေမယ့် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ်မှာ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ အဆိုးရွားဆုံးငလျင်ကြောင့် လူပေါင်း ၂,၄၄၅ ဦး သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ တာလီဘန်အရာရှိတွေက ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ပြိုကျပျက်စီးနေတဲ့ ကျေးရွာတွေမှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရုပ်အလောင်းတွေကို တူးဖော်ရှာဖွေဖို့ နာရီပတ်လုံး ကြိုးပမ်းနေရချိန်မှာ နောက်ထပ် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။