Trending Now

ဘင်္ဂလားဒေ့ရှ်ကို လက်နက်၊ခဲယမ်းတွေ သယ်ဆောင်လာတဲ့ လေယာဉ်တစ်စီး ဂရိနိုင်ငံမှာ ပျက်ကျလို့ လူ ၈ ဦးသေဆုံး

Spread the love

ဘင်္ဂလားဒေ့ရှ်ကို လက်နက်၊ခဲယမ်းတွေ သယ်ဆောင်လာတဲ့ လေယာဉ်တစ်စီး ဂရိနိုင်ငံမှာ ပျက်ကျလို့ လူ ၈ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၈

ဘင်္ဂလားဒေ့ရှ်က ဝယ်ယူထားတဲ့ လက်နက်၊ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ယူကရိန်း လေယာဉ် တစ်စီးဟာ စနေနေ့နောင်းပိုင်းက ဂရိနိုင်ငံမှာ ပျက်ကျမှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ လူ ၈ ဦးစလုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆားဘီးယား နိုင်ငံကနေ မိုင်းတွေနဲ့၊ လက်နက် မက်ထရစ်တန် ၁၁ဝ ခန့်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သယ်ဆောင်လာစဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဆားဘီးယား ကာကွယ်ရေးဝန်ကြီး က အဆိုပါ ယာဉ်ပေါ်မှာ မော်တာကျည်တွေနဲ့ လေ့ကျင့်ရေးကျည်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီလေယာဉ်ဟာ ယူကရိန်းကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ဆိုဗီယက် အင်ဂျင်လေးလုံးတပ် တာဘိုပရော့လေယာဉ် Antonov An-12 လေယာဉ်တစ်စီးဖြစ်ပြီး လေယာဉ်ပျက်ကျရာနေရာမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းအခြေစိုက် လေကြောင်းလိုင်း Meridian က လေယာဉ်ဟာ ဆားဘီးယား ကနေ ဂျော်ဒန် အဲဒီကနေ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာလာခဲ့တာဖြစ်ပြီး လေယာဉ်မှူးက အင်ဂျင်ပြဿနာကြောင့် အနီးနားက လေဆိပ်မှာ အရေးပေါ်ဆင်းသက်ဖို့ တောင်းဆိုခဲ့ပေမယ့် လေဆိပ်က တုံ့ပြန်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဆိုပါ လေယာဉ်ဟာ ဂရိနိုင်ငံ ပဂ္ဂိုငူခရိုင်အတွင်းရှိ ကျေးရွာနှစ်ရွာအနီးက လယ်မြေတွေအတွင်းမှာ ပျက်ကျခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆိုထားတယ်လို့ မီးသတ်တပ်ဖွဲ့ ကသတင်းထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာ အနီးက ပြည်သူတွေကိုတော့ ပြတင်းပေါက်တွေကို တစ်ညလုံးပိတ်ထားဖို့၊ အိမ်အပြင်မထွက်ကြဖို့နဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ထားကြဖို့ အဏာပိုင်တွေက သတိပေးထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ ပါဝင်ခြင်းရှိမရှိကို မသိရသေးတဲ့အတွက် နျူကလီးယား၊ ဇီဝလက်နက်တွေနဲ့ ဓာတုဗေဒပစ္စည်းတွေကို ရှိဖွေတဲ့ အထူးတပ်ဖွဲ့ကို အဆိုပါနေရာကို စေလွတ်ခဲ့တယ်လို့ ဂရိအာဏာပိုင်တွေက ပြောပါတယ်။

Source – DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။