Trending Now

အီတလီအမျိုးသားတစ်ဦးမှာ မျောက်ကျောက်၊ ကိုဗစ်၊ HIV တို့ကို တစ်ပြိုင်နက် စစ်ဆေးတွေ့ရှိခဲ့

Spread the love

အီတလီအမျိုးသားတစ်ဦးမှာ မျောက်ကျောက်၊ ကိုဗစ်၊ HIV တို့ကို တစ်ပြိုင်နက် စစ်ဆေးတွေ့ရှိခဲ့

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၃

အသက် ၃၆ နှစ်အရွယ် အီတလီ အမျိုးသားတစ်ဦးမှာ မျောက်ကျောက်၊ ကိုဗစ် နဲ့ HIV ရောဂါပိုးတွေကို တပြိုင်နက်စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒေလီး မေးလ် သတင်းဌာနရဲ့ အဆိုအရ လူတစ်ယောက်ထဲမှာ ဒီရောဂါသုံးခု တစ်ပြိုင်နက် ကူးစက်ခံရမှုဟာ သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက အစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမျိုးသားဟာ သူ့ရဲ့ အခုနှစ်အစောပိုင်းက စပိန်နိုင်ငံခရီးကနေ ပြန်ရောက်ပြီး ကိုးရက်အကြာမှာ ပင်းပန်းနွမ်းနယ်တာ၊ အဖျားတက်တာ နဲ့ လည်ချောင်းနာတာတွေ အပါအဝင် လက္ခဏာတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဇူလိုင်လ ၅ ရက်နေ့မှာတော့ အိုမီခရွန်းမျိုးကွဲ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်တစ်နေ့မှာတော့ မျောက်ကျောက်ရောဂါ လက္ခဏာတွေ စတင်ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေက သူ့ကို စစ်ဆေးမှုမေးမြန်းမှုတွေ ပြုလုပ်ခဲ့ချိန်မှာတော့ သူစပိန်မှာရှိခဲ့တဲ့ ဇွန်လ ၁၆ ရက်ကနေ ၂၀ ရက်အတွင်းမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။

ဆန်းမာကို အီတလီ တက္ကသိုလ် ဆေးရုံက သုတေသီတွေက စစ်ဆေးမှုတွေထပ်မံပြုလုပ်ခဲ့ရာမှာတော့ ကိုဗစ်၊မျောက်ကျောက် ရောဂါတွေအပြင် HIV ရောဂါပိုးရှိနေတာကိုပါ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမျိုးသားဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ ကိုဗစ်နဲ့ မျောက်ကျောက်ရောဂါတွေကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့အတွက် ဆေးရုံကနေဆင်းကာ သီးခြားခွဲထားဖို့ အိမ်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

— ကိုးကား —
WEBMD
ref; Italian Man Diagnosed With COVID, Monkeypox, HIV at Same Time

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။