Trending Now

ကိုဗစ် လူနာတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ကူးစက်ခံရပြီး ၁ နှစ်ခွဲ အကြာမှာတောင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားနေရ

Spread the love

ကိုဗစ် လူနာတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ကူးစက်ခံရပြီး ၁ နှစ်ခွဲ အကြာမှာတောင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားနေရ

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အဲဒီလူတွေရဲ့ ၄ ယောက်မှာ တစ်ယောက်ဟာ ၁၈ လ ကြာပြီးနောက်မှာတောင် အဲဒီဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲလို့ ယူဆရတဲ့ ဆိုးကျိုးတွေကို ဆက်လက် ခံစားရတယ်လို့ ဂျပန် သုတေသနဌာနတစ်ခုက ပြောပါတယ်။

ကူးစက်ခံရပြီး တစ်နှစ်အကြာမှာ ခံစားရတဲ့ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး ၁၂ ရာခိုင်နှုန်းက မှတ်ဉာဏ်လစ်ဟင်းမှုကို ထောက်ပြကြပြီး ၁၁ ရာခိုင်နှုန်းက အာရုံစူးစိုက်မှု အားနည်းတာနဲ့ ၁၀ ရာခိုင်နှုန်းက အနံ့အာရုံဆိုင်ရာ ပြဿနာတွေကို ပြောခဲ့ကြပါတယ်။

အဲဒီကူးစက်ခံရဖူးသူတွေရဲ့ ၉ ရာခိုင်နှုန်းက သတိမေ့တတ်တာကို ခံစားရတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေဟာ အနံ့အာရုံချို့ယွင်းတာ၊ ဆံပင်ကျွတ်တာနဲ့ အာရုံစူးစိုက်မှု အားနည်းတာတွေ ဖြစ်တတ်ပုံရတယ်လို့ အဲဒီစင်တာက ပြောပါတယ်။

ကိုဗစ် ရောဂါလက္ခဏာ အသင့်အတင့်ကနေ အပြင်းအထန် ခံစားခဲ့ရတဲ့ သူတွေဟာ အသက်ရှုမဝတာ၊ ချောင်းဆိုးတာနဲ့ ထိုင်းမှိုင်းတာတွေကို ခံစားရလေ့ ရှိကြပါတယ်။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် အမျိုးအစား ကူးစက်ခံရသူတွေကြားမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ သိပ်ပြီးတွေ့ရလေ့မရှိပေမဲ့ ကူးစက်ခံရသူအရေအတွက် အလွန်တရာ မြင့်မားခဲ့တာကြောင့် သူတို့ရဲ့ အနေအထားကို ပေါ့ပေါ့ဆဆ ယူဆလို့မရဘူးလို့ စင်တာက ဆိုပါတယ်။

Ref; 25% of people suffer aftereffects 18 months on

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။