Trending Now

ဗန်းမော်မြို့တွင် ဘိန်းဖြူအလေးချိန် ၅၉၄ ဂရမ်နှင့်အတူ လူငယ်တစ်ဦး ဖမ်းဆီးရမိ

Spread the love

ဗန်းမော်မြို့တွင် ဘိန်းဖြူအလေးချိန် ၅၉၄ ဂရမ်နှင့်အတူ လူငယ်တစ်ဦး ဖမ်းဆီးရမိ

EPN
ဗန်းမော်၊ ဩဂုတ် ၁၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ တာမိုင်းလုံကျေးရွာရှိ လူနေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၅၉၄ ဂရမ်နှင့်အတူ လူငယ်တစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၃ ရက်နေ့၊ ညနေ ၆ နာရီ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ( ဗန်းမော်) မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဗန်းမော်မြို့နယ်၊ တာမိုင်းလုံကျေးရွာနေ မျိုးမြင့်ဦး (ခ) အားသူ၏ နေအိမ်အား ၀င်ရောက်ရှာဖွေ ခဲ့ကြရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၅၉၄ ဂရမ်၊ (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၃၇ ဒဿမ ၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမော်မြို့မရဲစခန်းက မျိုးမြင့်ဦး (ခ) အားသူ (၃၁) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပြီး၊ ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။