Trending Now

ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ၉ ဦးအထိရှိလာပြီး ၁၀၀၀ ကျော်ဒဏ်ရာရ

Spread the love

ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ၉ ဦးအထိရှိလာပြီး ၁၀၀၀ ကျော်ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဧပြီ ၄

ထိုင်ဝမ်အရှေ့ပိုင်းမှာ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျတာစကေး ၇.၂ ရှိ ငလျင်ကြောင့် သေဆုံးသူ ၉ ဦးအထိရှိလာပြီး လူပေါင်း ၁၀၃၈ ဦးဒဏ်ရာရှိကာ ၄၈ ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

“မြေငလျင်က ကုန်းမြေနဲ့ နီးကပ်နေပြီး ထိုင်ဝမ်နဲ့ ကမ်းလွန်ကျွန်းတွေမှာ လှုပ်ခတ်ခဲ့တာပါ ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးပါပဲ” လို့ ထိုင်ဝမ် ငလျင်တိုင်းတာရေးဌာန ဒါရိုက်တာ ဝူချန်းဖုက ပြောကြားခဲ့ပါတယ်။

ငလျင်ဗဟိုချက်ဟာ ထိုင်ဝမ်မြို့ ဟွာလီယန်တောင်ပိုင်း ၁၈ ကီလိုမီတာမှာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးက ပြောကြားခဲ့ပြီး ဟွာလီယန်မြို့က အဆောက်အအုံတွေ ပြိုကျခဲ့တယ်လို့ သိရပါတယ်။

ငလျင်မှာ ကူညီကယ်ဆယ်ရေးလုပ်ဖို့ စစ်တပ်ကို ဖြန့်ကြက်နေရာချထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ဒေသန္တရအစိုးရအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်မှာ ၁၉၉၉ ခုနှစ် စက်တင်ဘာလက ရစ်ခ်ျတာစကေး ၇.၆ အဆင့်ရှိ နောက်ဆုံးငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၂,၄၀၀ သေဆုံးကာ အဆောက်အဦ ၅,၀၀၀ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Ref; Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။