Trending Now

CDM ဝန်ထမ်းများနှင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် လူငယ်များအား ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုဆိုရေးစခန်းများ ဖွင့်လှစ်သွားမည်

Spread the love

CDM ဝန်ထမ်းများနှင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် လူငယ်များအား ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုဆိုရေးစခန်းများ ဖွင့်လှစ်သွားမည်

EPN
မြစ်ကြီးနား ၊ ဇွန် ၂၉

ပြည်တွင်းပြည်ပမှာရှိတဲ့CDM ဝန်ထမ်းများနှင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျောင်းသား လူငယ်များအား မိဘဆွေမျိုးများနှင့်အတူ ပြန်လည်နေထိုင်နိုင်ရေးအတွက် နယ်စပ်ဒေသများတွင် ကြိုဆိုရေး စခန်းများ ဖွင့်လှစ်ကာ ပြန်လည် ကြိုဆိုလက်ခံသွားမှာဖြစ်ကြောင်း န.စ.က အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် အကြမ်းဖက်အုပ်စုများက ဆွဲဆောင်စည်းရုံးမှု၊ သွေးထိုးလှုံဆော်မှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့် အချို့သော CDM ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတည်ရှိရာ နယ်မြေဒေသများသို့ ရောက်ရှိသွားခဲ့ပြီး လက်နက်ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများသို့ စာရင်းသွင်း ပါဝင်တက်ရောက် ခဲ့ကြသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ထိုသို့သင်တန်းတက်ရောက်ခဲ့သူများအနက်မှ အချို့သောသူများသည် အကြမ်းဖက်တိုက်ခိုက်သည့် လုပ်ရပ်များတွင် ပါဝင်လိုခြင်းမရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်ပြီး ပြည်တွင်း/ပြည်ပဒေသအချို့၌ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်းကို ကြားသိရသည့်အတွက် ပြန်လည်လက်ခံရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြန်လည်ဝင်ရောက်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမှာဖြစ်သည့်အတွက် ပြန်လည်လက်ခံရေးစခန်းများနှင့် နီးစပ်ရာတပ်မတော၊် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းအသီးသီးသို့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။