Trending Now

ပန်ဝါဘုန်းတော်ကြီးကျောင်းတိုက်၌ ဝါဆိုလပြည့်နေ့ အခမ်းအနား ကျင်းပပြုလုပ်မည်

Spread the love

ပန်ဝါဘုန်းတော်ကြီးကျောင်းတိုက်၌ ဝါဆိုလပြည့်နေ့ အခမ်းအနား ကျင်းပပြုလုပ်မည်
EPN
ပန်ဝါ၊ ဇူလိုင် ၁၁
ကချင်ပြည်နယ်အထူးဒေသ(၁)၊ ချီဖွေခရိုင်၊ ပန်ဝါမြို့ရှိ ပန်ဝါထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြု ကျောင်းတိုက်တွင် ဝါဆိုလပြည့်နေ့ အခမ်းအနား ကျင်းပပြုလုပ်မည်ဟု သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ပန်ဝါထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြုကျောင်းတိုက်တွင် ဝါဆိုလပြည့်နေ့ အခမ်းအနားအား ဗုဒ္ဓဘာသာတို့၏ ထုံးတမ်း အစဉ်အလာ အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း ပန်ဝါကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓဝံသ က မိန့်ကြားသည်။
ဝါဆိုလပြည့်နေ့ နံနက် ၉နာရီ ၄၅ မိနစ် အချိန်တွင် အနုမောဒနာ တရားတော် ဟောကြားမည် ဖြစ်၍ ပန်ဝါရှိ ဗုဒ္ဓဘာသာဝင်များအနေဖြင့် တရားနာ ကြွရောက်နိုင်ကြောင်း သိရသည်။
အဆိုပါ ဝါဆိုလပြည့်နေ့အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ် ပူဇော်လှူဒါန်း နိုင်ရေးအတွက် ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းက အမှတ် (၂) စစ်ဗျူဟာ၊ ခေတ္တစစ်ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး မျိုးသီဟ၊ ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းနှင့် ပန်ဝါရှိ ဗုဒ္ဓဘာသာဝင်များမှ အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီး အခမ်းအနားအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။