Trending Now

မလေးရှားဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီးဖြစ်သူကို အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်

Spread the love

မလေးရှားဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီးဖြစ်သူကို အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး တစ်ပတ်အကြာမှာပဲ ဇနီးဖြစ်သူ ရို့စ်မတ်ကိုလည်း အကျင့်ပျက်ခြစားမှုနဲ့ တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။

ရို့စ်မတ်ကို မလေးရှားငွေ ရင်းဂစ် ၁၈၇.၅သန်း ( ဒေါ်လာ ၄၂ သန်း) လာဘ်စားမှုနဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဘော်နီယိုကျွန်းက စာသင်ကျောင်းတွေအတွက် ဆိုလာစွမ်းအင်တပ်ဆင်ရမယ့် ပရောဂျက်တစ်ခုကို ကုမ္ပဏီတစ်ခုက ရရှိနိုင်ဖို့အတွက် လာဘ်ထိုးတဲ့ ရင်းဂစ် ၆.၅ သန်း (ဒေါ်လာ ၁.၅ သန်း) ကို လက်ခံရယူခဲ့တယ်ဆိုတဲ့ စွဲချက်နှစ်ခုအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

တရားရုံးက သူမကို စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၁၀ နှစ်စီ တစ်ပေါင်းတည်းကျခံဖို့ ချမှတ်ခဲ့ပြီး စုစုပေါင်း ဒဏ်ငွေ ရင်းဂစ် သန်း ၉၇၀ (ဒေါ်လာ ၂၁၇ သန်း) ပေးဆာင်ဖို့လည်း ချမှတ်ခဲ့ပါတယ်။

လက်ရှိမှာ သူမကို အထက်တရားရုံး အယူခံဝင်မှုကို ဆိုင်းငံ့ထားတာကြောင့် အာမခံနဲ့ လွတ်လွတ်လပ်လပ် နေခွင့်ရရှိနေမှာဖြစ်ပါတယ်။
သူမဟာ ဝန်ကြီးချုပ်ရဲ့ ဇနီးအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ပရဟိတဖောင်ဒေးရှင်းတွေကို သွားရောက်ခဲ့ပေမယ့် ရန်ပုံငွေတစ်စုံတစ်ရာ တောင်းခံခဲ့တာမျိုးမရှိဘူးလို့ ရို့စ်မတ်က ပြောပါတယ်။

အခုလို ပြစ်ဒဏ်ချမှတ်ခံရတာကြောင့် သူမဟာ တုန်လှုပ်ခြောက်ခြားကာ စိတ်မကောင်းဖြစ်မိကြောင်းနဲ့ အထက်တရားရုံးတွေကို အယူခံဝင်ဖို့ စီစဉ်နေတယ်လို့ သူမက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

— ကိုးကား —
အေပီ
ref; Ex-Malaysian first lady ordered to serve 10 years for graft

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။