Trending Now

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့မြန်မာရွှေ့ပြောင်းလုပ်သားများထဲတွင် ကလေး (၁၀) ဦးအပါအဝင် လုပ်သား (၁၆၀) ဦးရေကျော်အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

Spread the love

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့မြန်မာရွှေ့ပြောင်းလုပ်သားများထဲတွင် ကလေး (၁၀) ဦးအပါအဝင် လုပ်သား (၁၆၀) ဦးရေကျော်အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

EPN
ရန်ကုန်၊ ဇွန် ၈

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သားများထဲ တွင် ကလေး (၁၀)ဦး အပါအဝင် စုစုပေါင်းလုပ်သား (၁၆၉) ဦးအား မြန်မာနိုင်ငံသို့ ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ပိုင်းက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာသံအရာရှိရုံးမှ သိရသည်။

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့မြန်မာရွှေ့ပြောင်းလုပ်သား ကျား(၉၂)ဦး၊ မ(၆၇)ဦး၊ စုစုပေါင်း (၁၅၉) ဦးအပြင် ကလေး ကျား(၄)ဦး၊ မ (၆) ဦး၊ စုစုပေါင်း (၁၀)ဦး၊ အားလုံးစုစုပေါင်း (၁၆၉) ဦးတို့အား ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၁၀) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ခြင်းကို အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများမှ လိုက်လံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။