Trending Now

ရွေးကောက်ပွဲရှုံးနိမ့်သဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ရာထူးကနုတ်ထွက်

Spread the love

ရွေးကောက်ပွဲရှုံးနိမ့်သဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ရာထူးကနုတ်ထွက်

EPN
နိုင်ငံတကာ၊ မတ် ၂၅

မတ်လ ၂၄ ရက်နေ့က ကျင်းပတဲ့ထိုင်း အထွေထွေရွေးကောက်ပွဲမှာ မျှော်လင့်သလောက်ရလဒ်မကောင်းဘဲရှုံးနိမ့်ခဲ့တာကြောင့် ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဟာ ထိုင်း နာမည်ကြီး ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ရာထူးက နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ 

မဲစာရင်းအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ စစ်တပ်က ကျောထောက်နောက်ခံလုပ်ထားတဲ့ ပလန်ပရာချာရက်ပါတီက မမျှော်လင့်ဘဲ မဲအများပြားရရှိနေပြီးထိုင်းဝန်ကြီးချုပ်ဟောင်းပရာယွတ်ချန်အိုချာကိုဝန်ကြီးချုပ်အဖြစ်တင်မြောက်ဖွယ်ရှိနေ ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ပါတီဖြူထိုင်းပါတီကတော့ဆန္ဒမဲပေါင်း၇သန်းနီးပါးသာရရှိပြီးမဲဒုတိယအများဆုံးရတဲ့ပါတီဖြစ်နေပါတယ်။ ထိုင်း သက်တမ်းရင့်ပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီဟာ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေါင်း သုံးသန်းကျော်သာရရှိခဲ့ပြီး အဓိက ပြိုင်ဘက်တွေနောက် ရောက်ရှိကာ မဲအများဆုံးရရှိပါတီတွေစာရင်းမှာ အဆင့်လေးနေရာမှာသာရှိနေခဲ့တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။

အဘီဆစ်ဟာထိုင်းနိုင်ငံရေးလောက ဝန်ကြီးချုပ်ဟောင်းသက်ဆင်၊ ယင်းလပ်တို့နဲ့အပြိုင်ထင်ရှားသူဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိတာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ “ ရွေးကောက်ပွဲရှုံးနိမ့်မှုအတွက် တာဝန်ယူသွားမှာဖြစ်ပါတယ်။ ရှုံးနိမ့်မှုတွေကို တာဝန်ယူတဲ့အနေနဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ရာထူးကနေ နုတ်ထွက်လိုက်တယ်။ “ လို့ ရွေးကောက်ပွဲမဲရလဒ်တွေ ထွက်ပေါ်လာချိန်မှာ အဘီဆစ်က ဆိုခဲ့ပါတယ်။
——————————————


EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။