Trending Now

ချဲလ်ဆီးအသင်းအား ရောင်းချရန် ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ချ် ပြင်ဆင်နေ

Spread the love

ချဲလ်ဆီးအသင်းအား ရောင်းချရန် ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ချ် ပြင်ဆင်နေ

 

EPN
အားကစား၊ မတ်လ ၂

ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလီယံနာသူဌေး ရိုမန်အေဘရာမိုဗစ်ချ်သည် ယခုတစ်ပတ်အတွင်း ကမ်းလှမ်းမှုများနှင့်အတူ ချယ်လ်ဆီးအသင်းအား ရောင်းချရန် ဆုံးဖြတ်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ရိုမန်အေဘရာမိုဗစ်ချ် က ချယ်လ်ဆီးအသင်းအပါအဝင် အသင်းသုံးခုကို ရောင်းချရန် ဆွစ်ဇာလန် ဘီလျံနာ ဟမ်းစ်ဂျောဝပ်စ်ကို ကမ်းလှမ်းထားပြီး ပေါင် ၂ ဘီလီယံ ကျော် တောင်းဆိုထားကြောင်း metro သတင်းဌာနတွင် ဖော်ပြထားသည်။

 

ချယ်လ်ဆီးအသင်းကို နှစ် ၂၀ ကျော် ပိုင်ဆိုင်ထားသည့် အသင်းပိုင်ရှင်သည် ရိုမန်အေဘရာမိုဗစ်ချ်မှာ အရှေ့ဥရောပရှိ ယူကရိန်း-ရုရှားအကျပ်အတည်းကြားတွင် နိုင်ငံရေးဖိအားများနှင့် ရင်ဆိုင်နေရသည်။

 

အေဘရာမိုဗစ်ခ်ျအနေဖြင့် ချဲလ်ဆီးအသင်းအား ဝယ်ယူရန် စိတ်ဝင်စားနေသည့် အဖွဲ့သုံးဖွဲ့ဖြင့် ယခုသီတင်းပတ်ကုန်တွင် ကမ်းလှမ်းမှုများ လက်ခံရန် စီစဉ်ထားသည်။

 

အသက် ၅၅ နှစ်အရွယ်ရှိ ရိုမန်အေဘရာမိုဗစ်ချ် သည် ဗလာဒီမာပူတင်နှင့် ဆက်စပ်မှုရှိသည်ဟု အလုပ်သမားလွှတ်တော်အမတ် ဗြိတိန်ပါလီမန်အမတ် ခရစ်ဘရိုင်ယန် က စွပ်စွဲပြောဆိုထားသည်။

အေဘရာမိုဗစ်ချ်သည် ချဲလ်ဆီးနှင့် စတန်းဖို့ဒ်ဘရစ်ချ်တို့ အပါအဝင် လန်ဒန်ရှိ သူပိုင်ဆိုင်သည့် အိမ်ခြံမြေအများအပြားကို ရောင်းချရန် လုပ်ဆောင်နေကြောင်း ဗြိတိန်ပါလီမန်အမတ် က ယမန်နေ့က ပြောဆိုထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရိုမန်အေဘရာမိုဗစ်ချ်အနေဖြင့် ၎င်း ပိုင်ဆိုင်သည့် ချဲလ်ဆီးအသင်းအား အသင်း၏ ဖောင်ဒေးရှင်းကို လွှဲပြောင်းပေးခဲ့ပြီး အသင်း၏ ကစားသမား အပြောင်းအရွှေ့များ၊ စာချုပ်သက်တမ်း ကိစ္စရပ်များ၊ နည်းပြသောမတ်စ် တူခယ်လ် ၏ အနာဂတ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအား ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်ကီးယားစ် နှင့် နည်းစနစ်နှင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပီတာ ချက် တို့က ဆက်လက်တာဝန် ယူသွားမည်ဖြစ်ကြောင်း The Telegraph သတင်းဌာနက ဖော်ပြခဲ့သည်။

Source – metro


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။