Trending Now

ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့်သူ တစ်သောင်းကျော်သာရှိ

Spread the love

ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့်သူ တစ်သောင်းကျော်သာရှိ
EPN
မြစ်ကြီးနား၊ မတ် ၁
ကချင်ပြည်နယ်အတွင်း လာမည့်မတ်လ ၃၁ရက်နေ့စတင်ကျင်းပမည့် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအတွက် ဖြေဆိုမည့်ကျောင်းသားကျောင်းသူ စုစုပေါင်း တစ်သောင်းကျော် ဖြေဆိုကြမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပညာရေးဦးစီးဌာနရုံးမှ သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ ‌တက္ကသိုလ်ဝင်တန်းစာမေးပွဲအား လာမည့်မတ်လ ၃၁ရက်နေ့မှ ဧပြီ လ ၉ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း ပညာရေးဦးစီးဌာနမှထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်ခွင့်အတွက် ဖြေဆိုမည့်ကျောင်းသား (၄၇၈၃)ဦးနှင့် ကျောင်းသူ (၇၇၉၂)ဦး၊စုစုပေါင်း(၁၂၅၇၅)ဦးရှိပြီး ယင်းထဲမှ အပြင်ဖြေ(၄၆၁၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာစစ်ဌာန ၄၈ ခု ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူ ၃၅၉၄၆ ဦးရှိခဲ့ပြီး အောင်မြင်သူ ဦးရေ ၁၀၅၂၅ဦး အောင်ချက်ရာခိုင်နှုန်း ၂၉.၂၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။