Trending Now

ပူတာအိုမြို့၌ Quarantine ဝင်နေသည့်နေရပ်ပြန်ပြည်သူများအား တစ်ကိုယ်ရေသုံးပစ္စည်းများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်

Spread the love

ပူတာအိုမြို့၌ Quarantine ဝင်နေသည့်နေရပ်ပြန်ပြည်သူများအား တစ်ကိုယ်ရေသုံးပစ္စည်းများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်

EPN
ပူတာအို၊ ဇွန် ၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် Quarantine ဝင်နေသည့် နေရပ်ပြန်ပြည်သူများ Quarantineဝင် ရောက်သည့်ကာလအတွင်း အဆင်ပြေစေရန်အတွက် တစ်ကိုယ်ရေသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း ကို ဇွန် (၂)ရက် နံနက်(၁၁)နာရီက Quarantine စခန်းများသို့အရောက်ကွင်းဆင်းကာ လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ယင်းပစ္စည်းများထောက်ပံ့ပေးအပ်ရာတွင် ပူတာအိုခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကQuarantine ဝင်ရောက်သည့် (၂၁)ရက်ကာလ အတွင်း သတ်မှတ်စည်းကမ်းချက်များ အတိုင်း နေထိုင်ရေးနှင့်တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးက ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသ ရေးလုပ်ငန်းကော်မတီက ထောက်ပံ့ပေးအပ်သော တစ်ဦးလျှင် တစ်ကိုယ်ရေသုံးပစ္စည်း ခုနှစ်မျိုးပါဝင်သည့် ထောက်ပံ့ပစ္စည်းများကို လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ပူတာအိုမြို့တွင် Community Based Facility Quarantine Center အဖြစ်ဖွင့်လှစ်ထားသည့် အမျိုး သမီးအိမ်တွင်းမှုသင်တန်းကျောင်းတွင် (၁၇)ဦး ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လေးထပ်တိုက်ဝန်ထမ်း အိမ်ရာတွင် (၃၉)ဦး Quarantine ဝင်ရောက်နေခြင်းဖြစ်ပြီး အဆိုပါ Quarantine ဝင်ရောက်သည့် (၅၆)ဦးအား တစ်ဦးလျှင် ရေခွက် (ဖလားခွက်)၊ စတီးပန်ကန်ပြား၊ စတီးပန်ကန်လုံး၊ ဇွန်း၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက် နှာသုတ်ပဝါ စသည့် တစ်ကိုယ်ရေသုံးပစ္စည်း ခုနှစ်မျိုးပါဝင်သည့်ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါထောက်ပံ့ပစ္စည်းများပေးအပ်ရာသို့ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ အတွင်းရေးမှူး ခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်း နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက Quarantine Centerများသို့သွား ရောက်ကာ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။