Trending Now

ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီအား ယခုတစ်ပတ်အတွင်း ပါတီမှတ်ပုံတင်မည်ဟု ဦးကျော်ဇေယျ ပြော

Spread the love

ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီအား ယခုတစ်ပတ်အတွင်း ပါတီမှတ်ပုံတင်မည်ဟု ဦးကျော်ဇေယျ ပြော

EPN
နေပြည်တော်၊ မတ် ၉

ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ UPUP အား ယခုတစ်ပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှတ်ပုံသွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီအား ဦးဆောင်မည့် ဦးကျော်ဇေယျက ပြောသည်။

“ဒီပါတီမှာ ပေါက်ဖွားလာတာက PPP အဖွဲ့တွေ အများဆုံးထွက်လာတာလေ။ PPP က ထွက်ပြီးတော့ မဖြစ်မနေ စုစည်းပြီးတော့ လုပ်ရမှာဖြစ်တဲ့အတွက် မှတ်ပုံတင်မှာလေ။ အဲ့မှာ မူဝါဒတူတယ်ဆိုပြီး မတူကွဲပြားနှင့် ငြိမ်းချမ်းရေးပါတီနဲ့ ပေါင်းမှာ ဘယ်ပါတီနာမည်မှ မယူဘူး။ ပါတီအသစ် နာမည်အသစ်နဲ့ ပေါင်းကြမှာ။ အဲ့နာမည်က ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီဆိုပြီး အားလုံးက အတည်ပြုလိုက်ပြီ။ Founder တွေ အားလုံးတွေလည်း ဖွဲ့ပြီးသွားပြီ ဒီအပတ်ထဲတော့ တင်မှာပေါ့” ဟု ဦးကျော်ဇေယျက ပြောသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားရာတွင်လည်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်သွားမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင်လည်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းတို့တွင် သေချာပေါက် ဝင်ရောက်ယှဉ်သွားမည်ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။

“ပထမတော့ နည်းနည်းလန့်နေတာပေါ့လေ တစ်သိန်းပြည့်ပါမလားဆိုပြီး။ အခုက ပါတီနှစ်ခု ပေါင်းလိုက်တဲ့ အတွက်ကို လူကသုံးသောင်းကျော် အဆင်သင့်ရှိနေတာ။ တရားဝင်မှတ်ပုံတင်ကျရင်တော့ အားနဲ့အင်နဲ့ စည်းရုံးမှာပေါ့။ အခုက နည်းနည်းပါးပါး တိုင်းတာဝန်ခံလေးလုပ်ပြီး စည်းရုံးတာတောင်မှ သုံးသောင်းကျော် ရနေပြီလေ။ ဒီအင်အားနဲ့တောင် နှစ်တိုင်း သုံးတိုင်းကို သေချာပေါက်ပြိုင်နိုင်တဲ့ သဘောရှိတာပေါ့။ ပြည်နယ်တွေ မပြိုင်တောင်မှ သေချာပေါက် တိုင်းငါးတိုင်း ပြိုင်မယ်။” ဟု ဦးကျော်ဇေယျက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီအား PPP ပါတီမှ ထွက်လာသည့်သူများနှင့် ဒေါ်စန္ဒာဦး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် မတူကွဲပြားနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ပူးပေါင်းကာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။