Trending Now

ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းအား PDF များ ပစ်ခတ်တိုက်ခိုက်

Spread the love

ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းအား PDF များ ပစ်ခတ်တိုက်ခိုက်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက ရဲစခန်းအား PDF အဖွဲ့များ က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“ဒီနေ့ မနက်ပိုင်း ၄ နာရီဝန်ကျင်လောက်က ရဲစခန်းဘက်မှာ ပစ်ကြခတ်ကြတဲ့ အသံကြားရတာပဲ အိမ်နဲ့ ရဲစခန်းနဲ့ကလဲ သိပ်မဝေးတော့ ကျွန်တော်တို့လဲ ဘယ်ပြေးလို့ပြေးရမှန်းကို မသိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ချပ်သင်းကျေးရွာ ရဲစခန်းအား ယနေ့နံနက် ၄ နာရီခွဲခန့်တွင် လက်နက်ကိုင် အင်အား ၆၀ ဦးခန့်မှ ရဲစခန်း၏ အရှေ့ဘက် အနောက်ဘက်မြောက်ဘက် နေရာများမှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် PDF အဖွဲ့များသည် အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်အရပ်များသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။