Trending Now

နိုင်ဂျာမြို့တော်မှာ ရဟတ်ယာဉ်ပျက်ကျလို့ စစ်သား ၃ ဦး သေဆုံးခဲ့

Spread the love

နိုင်ဂျာမြို့တော်မှာ ရဟတ်ယာဉ်ပျက်ကျလို့ စစ်သား ၃ ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၇

နိုင်ဂျာနိုင်ငံ မြို့တော်နီရာမီ လေဆိပ်မှာ တနင်္လာနေ့ နံနက်ပိုင်းက စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပျက်ကျလို့ နိုင်ဂျီးရီးယား စစ်သား သုံးဦးသေဆုံးခဲ့တယ်လို့ နိုင်ဂျာကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

နိုင်ဂျီးရီးယား စစ်ဘက် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စီးဟာ အပြည်ပြည်ဆိုင်ရာ လေဆိပ်က ပျံတက်ပြီး မကြာခင် မတော်တဆမှုဖြစ်ပွားခဲ့တာလို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီးငြှိမ်းသတ်ရန် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများက ကြိုးပမ်းခဲ့ပေမယ့် စစ်သား သုံးဦးစလုံး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး ပျက်ကျမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တစ်ရပ်ကို ချက်ချင်းဖွဲ့စည်းထားခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

— ကိုးကား —
ဆင်ဟွာ
Ref; 3 die in plane crash in Niger’s capital

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။