Trending Now

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်သူ ၁၈၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဘရာဇီးရဲတပ်ဖွဲ့က ပြော

Spread the love

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်သူ ၁၈၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဘရာဇီးရဲတပ်ဖွဲ့က ပြော

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃

ဘရာဇီးနိုင်ငံ ဘရာဇီလီရာမြို့တော်မှာ ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ လူပေါင်း ၁၈၄၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဘရာဇီးရဲတပ်ဖွဲ့က ပြောပါတယ်။

သမ္မတဟောင်း ဘိုဆိုနာရိုကို ထောက်ခံတဲ့သူတွေ ကျင်းပပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ သူတွေကို ရဲတပ်ဖွဲ့က အင်အား ၅၅၀ ကျော်အသုံးပြုကာ ၅၇ နာရီကြာ ဆက်တိုက်ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးထားသူ ၁,၁၅၉ ဦးကို ဖော်ထုတ် စစ်ဆေးမေးမြန်ပြီးနောက် အချုပ်ထောင်အသီးသီးကို လွဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတဟောင်း ဘိုဆိုနာရို ဟာ အောက်တိုဘာ လအတွင်းက ပြုလုပ်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီဇင်ဘာလ နှောင်းပိုင်းကတည်းက အမေရိကန်ကို ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

သမ္မတဟောင်း ပြည်ပကို ထွက်ခွာသွားခဲ့ပေမယ့် ထောက်ခံသူတွေဟာ ရွေးကောက်ပွဲ ရလဒ်ကို ကြေညာတဲ့အချိန်က စတင်ကာ ဆက်တိုက်ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့သလို အစိုးရအဆောက်အဦးတွေကို ဝင်ရောက်စီးနင်းဖို့အထိ ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်းမှာလည်း သမ္မတဟောင်းကို ထောက်ခံသူတွေဟာ အစိုးရအဆောက်အဦးအများအပြားကို ဝင်ရောက်ဖို့ကြိုးပမ်းခဲ့ကြပေမယ့် ညနေပိုင်းမှာ ရဲတပ်ဖွဲ့က ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

— ကိုးကား —
FN
Ref; Brazil’s Police Say Over 1,800 Participants of Anti-Government Protests Detained

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။