Trending Now

မြစ်ကြီးနားမြို့တွင် ဘိန်းဖြူရောင်းဝယ်၊ သုံးစွဲနေသူ (၂) ဦးနှင့် ဘိန်ဖြူမှုန့် ကာလတန်ဖိုး ကျပ်သိန်း (၂၀) ခန့် ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် ဘိန်းဖြူရောင်းဝယ်၊ သုံးစွဲနေသူ (၂) ဦးနှင့် ဘိန်ဖြူမှုန့် ကာလတန်ဖိုး ကျပ်သိန်း (၂၀) ခန့် ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ယမန်နေ့ (ဇူလိုင်လ (၂၃) ရက်နေ့) က ဘိန်းဖြူရောင်းဝယ်၊ သုံးစွဲနေသူ (၂) ဦးနှင့် ဘိန်းဖြူမှုန့် ကာလတန်ဖိုး ကျပ်သိန်း (၂၀) ခန့် ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် နယ်မြေရဲစခန်းမှ သိရသည်။

ယမန့်နေ့ နေ့လည် (၂) နာရီခန့်က ရဲတပ်ဖွဲ့ဝင်များမှ လယ်ကုန်းရပ်ကွက် ၊ ပေါ်ဦးကျောင်းတိုက်လမ်းအနီး မူးယစ်ဆေးဝါးရောင်းဝယ်နေမှု သတင်းအရ စောင့်ဆိုင်းနေစဉ် ကိုစိုင်းကောင်းစံဆိုသူ မောင်းနှင့်လာသော မော်တော်ဆိုင်ကာအား ရပ်တန့်စစ်ဆေးကြည့်ရာ ၎င်း၏ ဆိုင်ကယ်တူးဘောက်အတွင်းမှ ဘိန်းဖြူမှုန့်ဖြူ၊ ဝါရောင် (၅၀) ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်း (၂၀) ခန့် ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ မှုခင်းကျဆင်းရေး၊ နယ်မြေလုံခြုံရေးအတွက် သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းကာ အသိပညာပေးခြင်း၊ လည့်ကင်းများဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ မနေ့က ဆိုရင်လဲ မူးယစ်ဆေးဝါး ရောင်းဝယ်နေမှု သတင်းအရ စောင့်ဆိုင်းဖမ်းဆီးတဲ့အခါ ရောင်းဝယ်၊သုံးစွဲသူတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်။ သူ့ကို စစ်ဆေးမေးမြန်းတဲ့ အခါမှာလဲ ရောင်းဝယ်သူတစ်ဦး ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ အခုလို မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်နေသူများ ဖမ်းဆီးရမိရေးအတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့၊ အလျင်အမြန် သတင်းပေးဖို့ လိုအပ်ပါတယ် ” ဟု ၎င်းကပြောသည်။

ဆက်လက်၍ ယင်း ဖမ်းဆီးမိသူကို စစ်ဆေးမေးမြန်းရာ မြစ်ကြီးနားမြို့၊ လယ်ကုန်း ရပ်ကွက်နေ မရီရီမွန်ထံမှ ဝယ်ယူခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ယင်းဖမ်းဆီးမိသူ အသက် (၂၅) နှစ်အရွယ် ကိုစိုင်းကောင်းစံနှင့် အသက် (၃၈) နှစ်အရွယ် မရီရီမွန် တို့ကို မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းတွင် (ပ) ၆၁ / ၂၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/ ၂၁ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။