Trending Now

မိုးညှင်းဘူတာရှိ ရထားစီးခရီးသည်များအား Covid19 ဗိုင်းရပ်ပိုးအကြောင်း အသိပညာပေးပြီး ကျန်းမာရေးစစ် ဆေးပေးခဲ့

Spread the love

မိုးညှင်းဘူတာရှိ ရထားစီးခရီးသည်များအား Covid19 ဗိုင်းရပ်ပိုးအကြောင်း အသိပညာပေးပြီး ကျန်းမာရေးစစ် ဆေးပေးခဲ့ 

EPN
မိုးညှင်း၊ မတ် ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မိုးညှင်းဘူတာတွင် မတ်လ (၂၆)ရက်နေ့ မွန်းလွဲ (၁၂)နာရီခွဲအချိန်က ရထားစီးခရီးသည်များနှင့် ဘူတာစျေးသည်များအား Covid19 ဗိုင်းရပ်ပိုးအကြောင်း အသိပညာပေးခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရှိရပေသည်။

အဆိုပါအသိပညာပေး ကျန်းမာရေးစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိုးညှင်းဘူတာ ရုံပိုင်ကြီးနှင့်ဝန်ထမ်းများ၊ မြို့နယ် Covid19 ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးပရဟိတအဖွဲ့စည်းများမှ ရထားစီးရန်စောင့်ဆိုင်းနေကြသော ခရီးသည်များနှင့် ဘူတာစျေးသည်များအား Coronavirus-19နှင့်ပတ်သက်သော ကာကွယ်ထိန်းချုပ်မှုဆိုင်ရာများ လိုက်နာ ဆောင်ရွက်ကြရမည့် အစီအစဉ်များကိုရှင်းလင်းပြောကြားပြီး တစ်ဦးချင်းစီအား အပူချိန်တိုင်းကိရိယာဖြင့် ကျန်းမာရေးစစ်ဆေးပေးခဲ့ကြသည်။

ထို့အပြင် ပြည်သူအများမြင်သာသောနေရာများ၌ ကာကွယ်မှုဆိုင်ရာ ကြော်ငြာချက်ပိုစတာများ၊ စာတန်းများ ကိုထားရှိပေး၍ ထိုသို့ ကျန်းမာရေးစစ်ဆေးမှုအရ Covid-19 ဗိုင်းရပ်စ်ပိုး သံသယရှိသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရကြောင်း သိရှိရပေသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။