Trending Now

“မူးယစ်ကင်းစင် ကချင်ပြည်နယ် တစ်ခွင်” လှုပ်ရှားမှုခေါင်းစဉ်ဖြင့် ဒီဇင်ဘာလ အားကစား ပြိုင်ပွဲများကျင်းပသွားမည်

Spread the love

“မူးယစ်ကင်းစင် ကချင်ပြည်နယ် တစ်ခွင်” လှုပ်ရှားမှုခေါင်းစဉ်ဖြင့် ဒီဇင်ဘာလ အားကစား ပြိုင်ပွဲများကျင်းပသွားမည်

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၀

ကချင်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာန မှ ယခုနှစ် ဒီဇင်ဘာလ အားကစားရာသီအတွက် “ မူးယစ်ကင်းစင် ကချင်ပြည်နယ် တစ်ခွင်” လှုပ်ရှားမှုခေါင်းစဉ်ဖြင့် အားကစားဆပ်ကော်မတီများအလိုက် သင်တန်းများ နှင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုများပြုလုပ်ရာတွင် သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ် ပညာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျောင်းချိန်ပြင်ပ သင်တန်းများပို့ချနိုင်ရေး၊ ပြိုင်ပွဲများ ပြုလုပ်နိုင်ရေးအတွက် အားကစားနည်းပေါင်းစုံ ဆပ်ကော်မတီ အဖွဲ့များ ညှိနှိုင်းကာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်နေကြောင်း ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ ဒီနှစ်မှာတော့ မူးယစ်ကင်းစင်ကချင်ပြည်နယ် တစ်ခွင်ဆိုပြီး ခေါင်းစဉ်နဲ့လှုပ်ရှားသွာမယ်၊ ကချင်ပြည်နယ် အတွင်း အချို့နေရာတွေမှာ မူးယစ်နွံဘက်တွေရောက်နေတဲ့ လူငယ်တွေကို ကျနော်တို့ အားကစားကဏ္ဍအနေ လူငယ်တွေကို မူယစ်ဆေးဝါးဘက်ကို စိတ်ဝင်စားမှုလျော့နည်းသွားအောင်၊ ကျန်းမားရေးကို လိုက်စားလာတက်အောင် တစ်စိတ်တစ်ဒေသ အဖြစ် ကူညီပေးတဲ့အနေနဲ့ အခုလို ခေါင်းစဉ်လေးပေးဖြစ်တာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ယင်း ဆောင်းရာသီ အားကစားလှုပ်ရှားမှုများဆောင်ရွက်ရန် ကချင်ပြည်နယ် အစိုးရထံတင်ပြထားပြီးဖြစ်ကာ ညွှန်းကြားချက်ရရှိလာပါက အားကစားနည်းအလိုက် ဆပ်ကော်မတီများနှင့် ပူးပေါင်းကာ ယခင်နှစ်များထက် အားကစားပြိုင်ပွဲများ၊ သင်တန်းများကို ပိုမို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အလားတူ ယမန်နှစ်(၂၀၂၁)ခုနှစ်က ဆောင်ရာသီအားကစားပွဲတော် လှုပ်ရှားမှုခေါင်းစဉ်ဖြင့် အားကစားဆပ်ကော်မတီအလိုက် သင်တန်းပေါင်း(၈)မျိုး၊ ပြိုင်ပွဲများအနေဖြင့် (၇)ပွဲ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။