Trending Now

မိုးကောင်းမြို့နယ်တွင် ရေဘေးသင့်ဒေသခံများအတွက် သောက်သုံးရေးများ လိုအပ်နေ

Spread the love

မိုးကောင်းမြို့နယ်တွင် ရေဘေးသင့်ဒေသခံများအတွက် သောက်သုံးရေးများ လိုအပ်နေ

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၃၁

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် နန့်ရင်းချောင်းရေကြီးမှုကြောင့် ဒေသခံပြည်သူအချို့ ရေကြီးနစ်မြုပ်ဒဏ် ခံနေရပြီး၊ ရေဘေးသင့် ဒေသခံများအတွက် သောက်သုံးရေနှင့် စားသောက်ရေးအပိုင်းများတွင် အကူအညီ လိုအပ်နေကြောင်း ရေဘေးသင့်ပြည်သူများအရေး ဆောင်ရွက်ပေးသူများထံမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၃၀ ရက်နေ့၊ နံနက်ပိုင်းက စတင်ကာ ချောင်းရေဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီး၊ ရပ်ကွက် ၅ ရပ်ကွက်ခန့် ရေဝင်ရောက်ကာ အိမ်ခြေ (၃၀၀) ကျော် ရေဝင်ရောက်မှု ဒဏ်ခံနေရကြောင်း ရေဘေးသင့်ပြည်သူများအရေး ဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

” ကျနော်တို့ မိုးကောင်းက ဘုံဘိုင်ရေကိုပဲ သောက်ရေသန့်အဖြစ် ပြောင်းပြီးသုံးတာများတယ်။ ရေဝင်တော့ ဘုံဘိုင်တွေလဲနစ်၊ မော်တာတွေလဲ ရေမတင်ရတော့ သောက်ရေက အဓိကလိုအပ်နေတယ်။ မနေကတော့ ရေသန့်ဘူး (၁၀၀) လောက် လှူဒါန်းခဲ့ပြီး ဖြစ်တယ်။ ရေဘေးသင့်ပြည်သူတွေအတွက် ရေကော စားသောက်ရေးပိုင်းကော လိုအပ်နေပါတယ် ” ဟု ၎င်းကပြောသည်။

မိုးကောင်းမြို့ မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မြို့ဦးရပ်ကွက်၊ အုပ်စု (၂၊၃၊၄၊၅) ၊ စျေးကုန်ရပ်ကွက်၊ နောင်ခိုင်သော် ရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကျွန်းတော်ရပ်ကွက်များတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မိုးကောင်းချောင်းရေ၏ စိုးရိမ်ရေအမှတ်သည် (၆၀၀) စင်တီမီတာဖြစ်ပြီး၊ ဇူလိုင် (၃၀) ရက်နေ့၊ မွန်းတည့် (၁၂)နာရီခွဲတိုင်းထွာချက်အရ နန့်ရင်းချောင်းရေသည် (၆၀၀) စင်တီမီတာ၌ ရှိနေကာ လက်ရှိတွင် (၂) ပေခန့် ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။