Trending Now

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဒုံးကျည်တပ် အမြန်ရေယာဉ် ၁၁၂ စင်း လက်ခံရရှိ

Spread the love

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဒုံးကျည်တပ် အမြန်ရေယာဉ် ၁၁၂ စင်း လက်ခံရရှိ

EPN
နိုင်ငံတကာ၊ မေ ၃၀

အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC လက်အောက်ရှိ ရေတပ်ဖွဲ့သည် မေလ ၂၈ ရက်က တိုင်းပြည် ၏ တောင်ပိုင်းရေပိုင်နက် ကာကွယ်ရေးစွမ်းရည်မြှင့်တင်မည့် ဒုံးကျည်ပစ်လွှတ်နိုင်သော အမြန်ရေယာဉ် ၁၁၂ စင်း ရရှိခဲ့သည်။

အခမ်းအနားတွင် IRGC တပ်မှူး ဗိုလ်ချုပ် ဟော့စိန်ဆာလာမီက ကာကွယ်ရေးနယ်ပယ်တွင် အီရန်နိုင်ငံ ၏ သိသိသာသာ တိုးတက်လာမှုကို အလေးထားပြောကြားခဲ့ပြီး ခြိမ်းခြောက်လာသည့် ရန်သူများကို အီရန်နိုင်ငံက အမှုန့်ချေပစ်မည်ဟု ပြောကြားလိုက်သည်။

အီရန် ကာကွယ်ရေးဝန်ကြီး ဟာတာမီကလည်း ပါရှားပင်လယ်ကွေ့၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပြီး တိုက်သုံးတိုက်ကို ချိတ်ဆက်ပေးသည့် ကမ္ဘာပေါ်တွင် မဟာဗျူဟာအရ အရေးပါဆုံးဒေသ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမြန်ရေယာဉ်များကို ကာကွယ်ရေးဝန်ကြီးဌာန၏ ရေတပ်လုပ်ငန်းများ အဖွဲ့အစည်းနှင့် IRGC ၏ ရေ တပ် နည်းပညာဆိုင်ရာ ဗဟိုဌာနများ၏ လက်အောက်ရှိ ကုမ္ပဏီများက ပြည်တွင်း၌ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

စွမ်းဆောင်ရည်မြင့်မားသော အမြန်ရေယာဉ်များကြောင့် ပါရှားပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြား တွင် IRGC ၏ တိုက်ခိုက်ရေးစွမ်းပကား တိုးတက်လာစေရေးကို ကြီးမားသော အကျိုးသက်ရောက်မှုတစ်ခု ရှိလာ မည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

အမြန်ရေယာဉ်များကို သင်္ဘောဖျက်ဒုံးများ တပ်ဆင်ထားပြီး အမြန်ဆုံးမောင်းနှင်နိုင်မှုမှာ တစ်နာရီလျင် ရေမိုင် ၉၂ မိုင်ဖြစ်သည်။

–ကိုးကား–
IRNA
Ref; Iran’s IRGC receives 112 missile-launching capable speedboats


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။